နေပြည်တော် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ နာရီ မိနစ်၂၀ခန့်တွင် လိပ်ရတောင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ နယ်စပ် ခြံစည်းရိုးအနီးသို့ အရောက်၌ ကျောက်ချောင်းကျေးရွာဘက်မှ အထုပ်နှစ်ထုပ်ထမ်းလာသော မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ အိတ်များ ပစ်ချထွက်ပြေးသွားခဲ့သဖြင့် ၎င်းအိတ်များအား ဖွင့်ဖောက်စစ်ဆေးရာ အိတ်များအတွင်းမှ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၅၀၅၀ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၁၀၀ ကျော်)ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကြိမ်ချောင်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်း ရရှိသည်။
(၁၀၀)