နောင်ချိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် နောင်ချို-ဝက်ဝံကြား ယာဉ်ဝင်/ထွက်မှုများစစ်ဆေးဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် နောင်ချိုမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ မျိုးမင်း အောင်(ဘ) ဦးလှအောင် မောင်းနှင်ပြီး စိုင်းမိုးလွင်(ဘ)ဦးအုန်းမောင် စီးနင်းလိုက်ပါလာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် ကျော်လင်းအောင်(ဘ) ဦးစိုးသန့် မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာ မျိုးမင်းအောင်၏ ကျောပိုးအိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ မူးယစ်ဆေး ဝါးများနှင့် မော်တော်ဆိုင်ကယ်များအား နောင်ချိုမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။ 

(၁၀၀)