ရှေ့သို့ချီမည် ပန်းတိုင်ဆီ"Keep Moving Forward to Achieve Our Goal"

ရှေ့သို့ချီမည် ပန်းတိုင်ဆီ"Keep Moving Forward to Achieve Our Goal"

လူ့ဘဝ၌  မည်သည့်ကိစ္စမဆို  အမြဲ တွေးတောတတ်သည့်ကိစ္စနှစ်ရပ်ရှိ၏။ အပြု သဘောမြင်တတ်ခြင်းနှင့် အပျက်သဘော မြင်တတ်ခြင်း ဖြစ်သည် ဟုဖတ်ဖူး၏။  အပြု သဘောမြင်တတ်သည့်  လူပုဂ္ဂိုလ်ရှိသော ပတ်ဝန်းကျင် တွင်ကျွန်ုပ်တို့နေခဲ့ရပါမူ ကျွန်ုပ်တို့ပတ်ဝန်းကျင်သည်    အကောင်းမြင်စိတ်တို့ဖြင့် သာယာကြည်နူးဖွယ်ပင်ရှိချေပါမည်။ ဗုဒ္ဓဘာသာအများစု ကိုးကွယ် ကြသည့် ကျွန်တော် တို့နိုင်ငံတွင် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဖြစ်သည့် မင်္ဂလသုတ်တော်လာ  ၃၈ ဖြာမင်္ဂလာ တရားတော်အတိုင်း ကျင့်ကြံ နေထိုင် ကြပါမူ သာယာအေးချမ်းတိုးတက်ဖွယ်ဖြစ်ပေမည်။

အပြုသဘောမြင်တတ်သည့်၊ ကိုယ်ချင်းစာ စိတ်ဖြင့်  ခံစားသိမြင်သည့်  ခေါင်းဆောင် အကြီးအကဲ    ပုဂ္ဂိုလ်တို့ရှိသည့်နိုင်ငံနှင့် ပတ်ဝန်းကျင်တို့တွင်  သူ့နိုင်ငံ၊ သူ့ပြည်သူ အတွက် သာယာဝပြောရေး၊  စားနပ်ရိက္ခာ ဖူလုံရေး၊ ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်မြင့်မားရေးတို့အတွက်  အမြဲအလေးထား မျှော်မှန်း ဆောင်ရွက်တတ်ကြ၏။  ထို့အတူ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သော ကျွန်ုပ်တို့နိုင်ငံ၏  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၊   နိုင်ငံ့အကြီးအကဲသည်သူဦးဆောင်သော  အစိုးရအဖွဲ့နှင့် အတူနိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံဖြင့် “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ”ဟူသည့်အတိုင်း   ပန်းတိုင်အရောက်လှမ်း မျှော်ချီတက်နေ၏။

တပ်မတော်သည်   ၂၀၂၀  ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုများရှိခဲ့သည့်အတွက် ဖြေရှင်းပေးရန် တာဝန်ရှိသူများထံ နည်းလမ်းမျိုးစုံဖြင့်    တင်ပြခဲ့ ပါသည်။ထိုအချိန်က တာဝန်ရှိသူတွေမှဖြေရှင်းပေးမှု မရှိခဲ့သည့်အပြင်     နိုင်ငံတော်အာဏာ အရပ်ရပ်ကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းခဲ့သည့် အတွက်   တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  နိုင်ငံတော် တာဝန်ကို မလွှဲမရှောင်သာထမ်းဆောင်ခဲ့ ရခြင်းဖြစ်သည်။  နိုင်ငံတော်တာဝန်ထမ်း ဆောင်သည့်အချိန်အတွင်းမှာ တာဝန်များကို စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သည်ကို ပြည်သူတစ်ယောက် အနေဖြင့် တွေ့မြင်နေ ရပါသည်။ သို့သော်လည်း ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများနှင့်    ၎င်းတို့ကို အားပေးနေသည့်   လူပုဂ္ဂိုလ်အဖွဲ့ အစည်း တို့သည်  မြန်မာနိုင်ငံအတွင်း  ဒီမိုကရေစီ ထွန်းကားရေးထက် အလုံးစုံပျက်သုဉ်းရေး ကိုသာ ဦးတည်ဆောင်ရွက်နေကြောင်းကို လည်း နိုင်ငံအတွင်း နိုင်ငံရေးအရလုပ်ဆောင် ချက်များ၊ ပြည်ပ၏  ဝင်ရောက် စွက်ဖက်မှုများနှင့်အတူ   အကြမ်းဖက်ဖြစ်စဉ်များကို ကြည့်၍သိနိုင်ပါသည်။    ထိုဖြစ်ရပ်များကို ကျော်လွှားကာ    နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်မှန်းချက်ထား လုပ်ဆောင်နေသည့် နိုင်ငံ့အကြီးအကဲတစ်ဦး၏ ဖြတ်သန်းရမှုသည်  လွယ်ကူလှသည်မဟုတ်ပါချေ။ သို့သော် နိုင်ငံတော် အတွက် မည်မျှ အထိ စေတနာထားကြောင်းကို လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း    နိုင်ငံတော် ဝန်ကြီးချုပ်၏ မိန့်ကြားချက်များကိုကြည့်၍ သိနိုင်သည်။

အဆိုပါ မိန့်ကြားချက်များမှ အချက်အချို့ ကိုထုတ်နုတ်တင်ပြရသော်  “လူငယ်တွေကို စနစ်တကျပြုစုပျိုးထောင်ရန် အလေးထား ဆောင်ရွက်ကြရ မယ်။ နိုင်ငံချစ်စိတ်အမျိုးသား ရေးခံယူချက်ကောင်းအောင် ဖြည့်တင်းကြ ရမယ်။ ကျေးလက်မြို့ပြအားလုံး စနစ်တကျ တိုးတက်ရမယ်။  စည်းကမ်း ကောင်းအောင် စီမံလေ့ကျင့်နေသင့်တယ်။ တာဝန်သိစိတ်၊ အလုပ်ကိုတန်ဖိုး ထားစိတ်ရှိအောင် ပျိုးထောင် လေ့ကျင့်ရမယ်။    ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစေချင်တယ်။ ပြည်ထောင်စုဟာ ခိုင်မာနေရပါမယ်”  စီးပွားရေးမှာ  လူငယ်များကို အခြေတည်၍  ကျေးလက်၊ မြို့ပြမကျန် တိုးတက်စေလိုသည့် အကြီးအကဲ၏စေတနာ ကို  ဤမိန့်ကြားချက်တွင်တွေ့နိုင်သည်။ နိုင်ငံ့ အကြီးအကဲအနေဖြင့် တာဝန်ယူရသည့် ကာလတိုအချိန်အတွင်း  မည်သည့်အခက် အခဲရှိရှိ၊     မည်သည့်အကျပ်အတည်းနှင့် တွေ့တွေ့၊  မည်သည့်အန္တရာယ်နှင့်ကြုံရကြုံရ နိုင်ငံတော်တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်သွားမည်ဖြစ်သည်ကို    အထင်အရှား တွေ့မြင်ရ၏။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁  နှစ်နှင့် ၆ လ (၁၈ လ) ပြည့် နိုင်ငံတော်တာဝန်ထမ်း ဆောင်ခဲ့မှုနှင့် ပတ်သက် ၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က  နိုင်ငံတော်နှင့်နိုင်ငံသားတို့ အတွက် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”("Keep Moving Forward to Achieve Our Goal")”ဟူသည့် ခေါင်းစဉ်ဖြင့်  မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ထိုမိန့်ခွန်း၌ နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် သူ၏မျှော်လင့်ချက်၊   ခံစားချက်များပါဝင်၏။ တိုက်တွန်းချက်များ ပါဝင်၏။ သုံးသပ်ချက်များ လည်းတွေ့ရ၏။ တိုင်းရင်းသားတို့၏ ခွန်အားများ၊ ပေါင်းစည်းအားများဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံသား အားလုံးတွေဝေမှု၊ တုံ့ဆိုင်းမှုများကိုဖယ်ထုတ်၍ ရှေ့သို့ရိုးသား၊ ကြိုးစားကာလှမ်းချီလိုသည် ကိုလည်းတွေ့ရ၏။

မြန်မာနိုင်ငံကဲ့သို့   ပဋိပက္ခနက်ရှိုင်းစွာ တည်ရှိနေသည့်    နိုင်ငံတစ်နိုင်ငံ အတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့သည် အရေးပါသည့် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေးနှင့်  တိုင်းရင်းသား စည်းလုံးညီညွတ်မှုအားနည်းခြင်း ကြောင့် နိုင်ငံအတွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်း၊ လက်နက်ကိုင် ပဋိပက္ခ များရှိနေခြင်းနှင့် ၎င်း၏ အကျိုးဆက်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးမှအစ လူမှုရေးအဆုံး ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အားနည်းလျက် ရှိနေဆဲဖြစ်၏။ နယ်စပ်ဒေသတိုင်းရင်းသား များ၊ တောင်ပေါ်ဒေသတိုင်းရင်းသားများနှင့်လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများ နှင့် တိုက်ပွဲများဖြစ်ပွားနေသည့်ဒေသများရှိ တိုင်းရင်းသား အားလုံး   တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် များစွာရှိသည့်အနက်  အမျိုးသားရင်ကြား စေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ငြိမ်းချမ်းရေးနှင့်အေးချမ်းတည်ငြိမ်ရေးတို့သည် မရှိမဖြစ် လိုအပ်နေမည်ဖြစ်၏။ ထိုသို့သော လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးရန် အတွက်ဆက်လက်လျှောက်လှမ်းရဦးမည်ဖြစ်၏။ နိုင်ငံတစ်ခုတွင် “နိုင်ငံတော်တည်ဆောက်ရေး” (State Building)နှင့် “တိုင်းပြည် တည်ဆောက်ရေး” (Nation Building) တို့မှာ နိုင်ငံသစ်တည်ဆောက် သူတိုင်း မလွှဲမရှောင်သာကြုံကြိုက်ရမည့်  ရှောင်လွှဲမရသောတာဝန်ကြီး နှစ်ရပ်ဖြစ်၏။နိုင်ငံတစ်ခု၏အစိုးရတစ်ရပ်ဖန်တီးပုံဖော်ယူရသည့်နိုင်ငံတော် တည်ဆောက်ရေးသည် အထိုက်အလျောက်အလွယ်တကူတည်ဆောက် နိုင်၏။ သို့သော်တိုင်းပြည်တည်ဆောက်ရေးတွင် ပိုမို နက်ရှိုင်း၊    ပိုမို ရည်မှန်း ချက်ကြီးရ၏။ ပို၍ခက်ခဲကြမ်းတမ်း၏။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်  နိုင်ငံများလွတ်လပ်ရေးရချိန်နှင့် စစ်အေးတိုက်ပွဲအပြီး    နိုင်ငံအသစ်များ ပေါ်ထွက်လာချိန်ဖြစ်၏။ မြန်မာနိုင်ငံမှာမူ ၁၉၄၈ ခုနှစ်  လွတ်လပ်ရေးရရှိ ချိန်မှစ၍ ပေါ်ထွက်လာသည်ဟု ဆိုရမည်ဖြစ်၏။   လွတ်လပ်ရေးရပြီးစ အာဏာရဖဆပလ ပါတီက   ဒီမိုကရေစီနိုင်ငံထူထောင်ရန် ကြိုးပမ်းခဲ့သည့် “နိုင်ငံတော်တည်ဆောက်ရေး” ကိုဆောင်ရွက်ခဲ့၏။ သို့သော် လွတ်လပ်ရေး နှင့်အတူ   ပြည်တွင်းစစ်မီးပါတွဲပါလာ၏။

“တိုင်းပြည်သစ်ကို   မည်သည့်လမ်းစဉ်ဖြင့် သွားကြမည်”ကို အငြင်းပွား ကြရာမှ ကွန်မြူနစ် အလံနီ ပြည်သူ့ရဲဘော်တို့တောခိုသွား၏။ ပြည်တွင်း စစ်မီး  တာရှည်လာသည်နှင့်အမျှ ဖဆပလ၏   နိုင်ငံရေးတည်ဆောက်ရေးလုပ်ငန်းများတုံ့ဆိုင်းပွန်းပဲ့လာရ၏။ နောက်ဆုံးတွင် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုလုံး ဆိတ်သုဉ်းသွားခဲ့ရ၏။ တိုင်းပြည် တည်ဆောက်ရေးမအောင်မြင်ရခြင်း၏ အစသည် ပြည်တွင်းစစ်ကြောင့် ဖြစ်၏။ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ၏နိုင်ငံတည်ဆောက်ရေး လမ်းစဉ် သည် လမ်းခုလတ်တွင် ရပ်တန့်သွား ရတော့သည်။ ရှေ့သို့ လှမ်းချီနိုင်ရန် ရွှံ့ညွန်တွင် ရောက်နေသော ခြေလှမ်းတိုင်းသို့သာရှေ့မတိုး နိုင်ခဲ့ချေ။   ရွှံ့ညွန်အတွင်း   ငြိမ်းချမ်းရေး ကြာပန်းဖြူကိုတွေ့ရပါသော်လည်း   ရင်ထဲ ကိုယ်စီတွင်  စိတ်ဝမ်းကွဲပြားမှုများ၊  ရန်ငြိုး အာဃာတများ၊  အမုန်းတရား များကြောင့် နှလုံးသားချင်းနီးစပ်၍ မရနိုင်ဖွယ်ဖြစ်ကြရ၏။

ငြိမ်းချမ်းရေးအား  ခေတ်အဆက်ဆက် အစိုးရတိုင်းကြိုးစားကြ၏။ နိုင်ငံရေး အကျိုး စီးပွားအမျိုးမျိုးကြောင့် တိုင်းရင်းသားအချင်းချင်း များအကြား စိတ်ဝမ်းကွဲမှု၊ မကျေလည်မှုများနှင့် မယုံကြည်မှုများကြောင့် ပကတိအရှိ တရားတို့နှင့် ဝေးသထက်ဝေး၊  နွံနစ်သထက်နစ်လာရ၏။ မိမိပြည်တွင်း ညီညွတ်ရေးကို မိမိတို့နိုင်ငံအတွင်း ရှိ တိုင်းရင်းသားညီအစ်ကို အချင်းချင်း သာ နားလည်ယုံကြည်မှုအားဖြင့် တည်ဆောက်၍ ရနိုင်ပါသည်။ ဖြစ်ချင် သည်နှင့် ဖြစ်သင့်သည်ကို နှိုင်းဆရမည်သာဖြစ်၏။    ဖြစ်သင့်သည် ဟူသော  အကြောင်းခြင်းရာသည်  အပြုသဘောဘက်ဆောင်သည်ကိုလည်း သတိချပ် သင့်ပေ၏။    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် မြန်မာ့နို င်ငံရေးသမိုင်း တွင် ငြိမ်းချမ်းရေးအတွက် ရှားပါးလှသည့် ခြေလှမ်းသစ်တံခါး တစ်ချပ်အား  ဖွင့်ပေးခဲ့၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင် ငံတော်ဝန်ကြီးချုပ်က “၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ် ထားရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ ကျကျအကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင် ကိုယ်ကျ  ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ် ပါတယ်”ဟု    ကမ်းလှမ်းဖိတ်ခေါ်ခဲ့၏။    တိုင်းပြည် ၏ ရှေ့ခရီးအတွက် ငြိမ်းချမ်းရေး ရရှိရန် အလုံးစုံကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးရေးအပါအဝင် ဖြစ်နိုင်သမျှနည်းလမ်း စုံဖြင့်  လမ်းဖွင့်ပေးထား၏။  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီတာဝန်ထမ်းဆောင်မှု ၁၈ လတာကာလ အတွင်း နိုင်ငံတော်အကြီး အကဲနှင့် ၉ ကြိမ်၊    အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် EAOs  အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကိုလိုလား သည့် အခြားအဖွဲ့အစည်းများနှင့် ၇၅ ကြိမ် တွေ့ဆုံခဲ့၏။ တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့ များနှင့် သတင်း ထုတ်ပြန်ချက်များအရ အားရကြည်နူးဖွယ်ကောင်း၏။  ကာလတိုအတွင်း မကြာခဏတွေ့ဆုံကြ၏။  တွေ့ဆုံမှုပြီးတိုင်း ရင်းနှီးပွင့်လင်းမှုတိုးလာ၏။  ရင်းနှီးပွင့်လင်းမှု တိုးလာသည်နှင့်အမျှ ယုံကြည်မှုခိုင်မြဲလာ၏။ နိုင်ငံတော်၏ ကောင်းမွန်သောအနာဂတ်မှာ အလှမ်းမဝေးတော့ပြီဟု ယုံကြည်မျှော်လင့်မိပါသည်။

တိုင်းရင်းသားအရေးနှင့်ပတ်သက်၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တွေ့ဆုံဆွေးနွေးမှုက တစ်ဆင့်  တိုင်းရင်း သားတွေနဲ့တိုင်းရင်းသားဒေသတွေကို အခွင့်အရေးတွေပေးအပ်နိုင်ဖို့ ဆောင်ရွက်ရန်သာအဖြေရှိပါမယ်။ တိုင်းရင်းသား တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ နစ်နာမှု တွေကို တရားဝင်နိုင်ငံရေးစင်မြင့်မှာ ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရပါလိမ့်မယ်။ ဒါကို ပေးဖို့ဆိုရင်   ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွေပဲဖြစ်ပါတယ်။   ဒီတော့ လွှတ်တော် အသီးသီးမှာ တိုင်းရင်းသားတွေ၊ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စား ပြုတဲ့သူတွေပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လ ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင် ခဲ့မှုနှင့်ပတ်သက်၍ပြောကြားသည့်မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့သည် ကို  တွေ့ရှိရပါသည်။ တိုင်းရင်းသားများ၏အခွင့်အရေးများ ဆုံးရှုံး နစ်နာမှု မရှိစေရေး လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေး အလေးထားဆောင်ရွက်နေမှုမှာလည်း နိုင်ငံတော် အကြီးအကဲ၏ စိတ်ရင်းစေတနာ ထက်သန်မှုတို့ပင်ဖြစ်၏။

အရာရာသည်    ယုံကြည်မှုအပေါ်သာ အခြေခံ၍  ရိုးသားစစ်မှန်သည့်  ယုံကြည်မှု ဖြင့်သာ    ငြိမ်းချမ်းရေးကိုရမည်ဖြစ်၏။ ဥပဒေမဲ့လုပ်ရပ်များ မရှိ လျှင် နိုင်ငံရေးအရ တည်ငြိမ်မှုကိုဖြစ်ပေါ်စေမည်ဖြစ်၏။ နိုင်ငံရေး အရတည်ငြိမ်မှသာလျှင်   စီးပွားရေးအရ   တိုးတက်လာမည်ဖြစ်၏။  ယနေ့  ကမ္ဘာ့ အင်အားကြီးနိုင်ငံများသည်  နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းမှု ရှိသဖြင့်   စီးပွားရေး အရတောင့်တင်း ခိုင်မာရခြင်းဖြစ်၏။  နိုင်ငံရေးနှင့် စီးပွားရေး အပြန်အလှန်အမှီသဟဲပြု နေသည်။    နိုင်ငံရေးအရ မတည်ငြိမ်ခြင်း၊ စီးပွားရေးမူဝါဒအမှားများကြောင့်လည်းကောင်း၊ အဓိကအားဖြင့် ပြည်တွင်းတွင်ထုတ်လုပ်၍ ရနိုင်သည့်ပစ္စည်းများကို   ထုတ်လုပ်နိုင်ရန် အားမပေးဘဲ ပြည်ပမှမှာယူတင်သွင်းမှုများကြောင့် ပြီးခဲ့သည့် အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၂၄.၇၁ ဘီလီယံ ရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ၁၈ လတာ တာဝန်ထမ်း ဆောင်နေစဉ်ကာလအတွင်း ပို့ကုန်များတင်ပို့ နိုင်ရန်နှင့်   မလိုအပ်သည့်သွင်းကုန်များကို လျှော့ချနိုင်ရေးစီမံခဲ့သည့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိခဲ့ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ တိုင်းတွင်  စီးပွားရေးများထိခိုက်နေရ၏။ ကျဆင်းနေရ၏။ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရေးထိခိုက်ခဲ့သည့် ရိုက်ခတ်မှုများ ကြုံတွေ့ ကြရ၏။   ထို့အတူ အစိုးရအနေဖြင့် တာဝန်မယူမီ အချိန်တွင် ပြည်တွင်း/ပြည်ပကြွေးမြီများသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ ရသည်။ စာရင်း များအရ ထုတ်ယူသုံးစွဲပြီးသည့် ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ  ၁၅.၅၇ ဘီလီယံ ကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ပေးဆပ်ပြီးသည့် ငွေပမာဏပေါင်း အမေ ရိကန်ဒေါ်လာ  ၄.၁၄ ဘီလီယံရှိခဲ့သည်။

ပေးဆပ်ရန်ကျန် ငွေပမာဏအနေဖြင့် အမေ ရိကန်ဒေါ်လာ ၁၁.၄၂ ဘီလီယံရှိခဲ့သည်။ ချေးငွေများအား    နှစ်စဉ်အတိုးအရင်း ဒေါ်လာသန်း ၇၀၀ ခန့်ကို လက်ရှိအစိုးရက ပေးဆပ်နေရ၏။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်    စီးပွားရေး ဦးတည်ချက်(၃)ရပ်အား အခြေခံမူဝါဒများ ချမှတ်ပြီး   ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိ၏။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၏။ စိုက်ပျိုးရေးထွက်ကုန် သည် နိုင်ငံထုတ်ကုန်၏ ပင်မထုတ်ကုန်တစ်ခု ဖြစ်၏။ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော လူဦးရေ မှာ ကျေးလက်နေပြည်သူလူထုများဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများကို အတတ်နိုင်ဆုံး ကုစားနိုင်ရန်အတွက်   တောင်သူ လယ်သမားများနှင့်    စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်များကို    စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၂၃၃၅ ဒသမ ၄၉ ဘီလီယံအား အရင်းအနှီးအဖြစ်   ပံ့ပိုးထုတ်ပေးခဲ့သည်။ အစိုးရသည် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးတွင် ရှိသည့် စိုက်ပျိုး/မွေးမြူရေးအား အခြေခံသည့် စီးပွားရေးလုပ်ငန်းများအား   အဓိကထား ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူ များ၏   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် အတွက်   ရည်ရွယ်ဆောင်ရွက်နေ၏။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ခွင့်ပြုချက်နှင့် စိစစ် သုံးစွဲလျက်ရှိသည့် ရန်ပုံငွေလက်ကျန်၄၉၁ .၁၈ ဘီလီယံမှ ကျပ်ဘီလီယံ ၄၀၀ အား သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ကျန်စီးပွားရေး လုပ်ငန်း များအား မြှင့်တင်သွားရန်ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိ၏။  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “အမြန်အကျိုးရလဒ် ဖြစ်စေမယ့် (Quick Win )လယ်ယာစိုက်ပျိုး ရေးနဲ့ မွေးမြူရေးလုပ်ငန်း အတွက် ပထမ ဦးစားပေးဆောင်ရွက်သွားပါမယ်”ဟု ထည့်သွင်း ပြောကြားထားခဲ့သည်။ မြန်မာနိုင်ငံ၏ ပကတိ စီးပွားရေးလမ်းကြောင်းအား အကြီးအကဲ၏ အလေးအနက်ထားသည်မှာပေါ်လွင်သည်။ တောင်သူလယ် သမားများ၏  အကျိုးကို ရှေးရှုသည်။    ထိုသို့လုပ်ဆောင်ရာတွင် ဖြည့်ဆည်း သင့်တာဖြည့်ဆည်း/ပံ့ပိုးသင့်တာ ပံ့ပိုးမည်ကိုလည်း ထည့်သွင်းပြောကြား ပြီးဖြစ် သည့်အပြင် ထို့အတွက် မျှော်မှန်းချက်အနေ ဖြင့် (တစ်)  အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်လာမယ်၊ (နှစ်)  အလုပ်လုပ်သူ တိုင်းဝင်ငွေရလာမယ်၊  (သုံး) ဝယ်လိုအား တိုးတက်လာမယ်၊ (လေး) ရောင်းကုန်ပစ္စည်း များတိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်လာပါမယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါတယ်၊ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ကြရပါ မယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်နှင့် ခြောက်လ(၁၈ လ)ပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး ပြောကြား သည့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့်  စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ  အောင်မြင်ဖြစ်ထွန်း စေရေး တွန်းအား ပေးဆောင်ရွက်မှု၊   အလုပ် အကိုင်အခွင့်အလမ်းများ    ပိုမို ရရှိစေရေး၊ ဝင်ငွေတိုးတက်စေရေး အလေးထားဆောင် ရွက်နေမှုကို တွေ့မြင်ရ၏။ 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးသာမက လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည်အရေးကြီး၏။ လူသား အရင်း အမြစ် ဆိုသည်မှာ   “ပညာ” အပေါ် အဓိကမူတည်၍ တည်ဆောက်ခြင်း ဖြစ်သည်။ ထို့ကြောင့်  ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကထား လုပ်ဆောင် ခြင်းဖြစ် သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၂၈ အရ   နိုင်ငံတော်သည်အခမဲ့မသင်မနေရ  မူလတန်းပညာရေးစနစ် ဖော်ဆောင် ရမည်။ ပုဒ်မ-၃၆၆ အရ  “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ် ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ  (က) ပညာသင်ကြား ပိုင်ခွင့်ရှိသည်။  (ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများ ကို သင်ကြား ရမည်”ဟု ပြဋ္ဌာန်းထား၏။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်က  “နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း KG+9 (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ  ပညာသင်ကြားရန်  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံရဲ့ပညာတတ်မြောက်မှုဟာ   ခေတ်မီနိုင်ငံဖြစ်စေရန် လိုအပ်ချက် များစွာရှိ နေသည့်အတွက် အနည်းဆုံး KG+9 အဆင့်ထိ တတ်မြောက်စေလိုပါကြောင်း၊ ကျေးလက် စီးပွား ရေးနှင့်  SME များ တွင် အထောက်အကူရရှိနိုင်စေရန်လာမည့် ပညာသင်နှစ် တွင် ခရိုင် ၅၀ ၌ အထက်တန်းကျောင်း ၁ ကျောင်းစီမှာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနဲ့ စက်မှုပညာရပ်များကို  Grade-10 မှ Grade-12 ထိ တွဲဖက် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊   အောင်မြင်သူများအနေဖြင့် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီပါက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုသိပ္ပံ ၃ နှစ်သင်ကျောင်းများတွင် ဆက်လက်သင်ကြားနိုင် မည်ဖြစ်ပါကြောင်း၊ ထူးချွန်သူများအနေဖြင့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရ မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ပင် ပုံမှန်အထက် တန်းကျောင်းများကလည်း ွမေိန-၁၂ ပညာ ပြီးဆုံးပါက မိမိရွေးချယ်တက်ရောက်လိုသည့် အဆင့်မြင့် ပညာများကိုသတ်မှတ်ချက်နှင့်အညီ  သင်ကြားခွင့် ရရှိမည် ဖြစ်ပါကြောင်း၊ ပညာရေး မြှင့်တင်ခြင်းဖြင့်    ခေတ်မီနိုင်ငံတော်တည် ဆောက်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ် နှင့် ခြောက်လ(၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည့် မိန့်ခွန်းတွင်  ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို  အလေးထားမှုသည်  တိုင်းပြည်အတွက် မျှော်လင့်ချက် အားတစ်ခုပင်ဖြစ်သည်ကို တွေ့ရသည်။  နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ် နိုင်ငံတော် တည်ဆောက် ရေးအတွက် အလွန် အရေးကြီးသည်။

တစ်မျိုးသားလုံး   ကျန်းမာကြံ့ခိုင်ရေး ဆောင်ရွက်ရာ၌   အားကစားကဏ္ဍ သည် အရေးပါသည့်အခန်းကဏ္ဍမှ  ပါဝင်သည်။ အားကစားဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏   ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှု နှင့်စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့်  စွမ်းရည်ယှဉ်ပြိုင်မှုမျိုး ဖြစ်သည်။ အားကစား စိတ်ဓာတ်သည် တိုင်းပြည် ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့်တိုင်းပြည်ကာကွယ်လိုသည့်စိတ်  ဖြစ်ပေါ်စေမည်ဖြစ် သည့်အတွက် အားကစား ကဏ္ဍကိုအားပေး ဆောင်ရွက်ရန်လိုသည်။ ထို့ကြောင့် နိုင်ငံ၏ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်  ရေရှည် ဆောင်ရွက်ရမည်ဖြစ်သည်။   အားကစားအောင်နိုင်ရေးအတွက် လေ့ကျင့်ခြင်းသည် နိုင်ငံတော်၏အလုပ်တာဝန်ကို ထမ်းဆောင် နေခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်  ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား    အသိအမှတ်ပြု ဆုချီးမြှင့်နေရာပေး အပ်လျက် ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ၏ ဘဝအာမခံချက်ရှိစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏မျိုးချစ်စိတ်အား ၎င်းင်းနိုင်ငံသားများ ပါဝင်သည့်  အားကစား ပြိုင်ပွဲများကတစ်ဆင့် လေ့လာသိရှိနိုင်သည်။ နိုင်ငံတကာတွင် နိုင်ငံအချို့သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား မတောင့်တင်း သော်လည်း အားကစားအောင်မြင်မှုများ ကြောင့် အခြားသောနိုင်ငံများ၏  အလေးပေးခြင်း၊ အသိအမှတ်ပြုနေရာပေးခြင်း များရှိသည့်အတွက်   မိမိတို့နိုင်ငံသားများအနေဖြင့် အားကစား၏တန်ဖိုးကို  သိရှိနားလည်ပြီး အမျိုးသားရေးစိတ်ဓာတ် ခံယူချက်ကောင်း များဖြင့် ထားရှိဆောင်ရွက်ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရပင် တာဝန်ယူ သည်ဖြစ်စေ နိုင်ငံ့အကျိုး၊   တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုသည့် ပန်းတိုင်များချမှတ်၏။ လက်ရှိအစိုးရသည်   နိုင်ငံတော်၏အကျိုး  စီးပွားကို ရှေးရှုလျက် အမျိုးသားရေးစည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် တိုင်းပြည်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန် သည့်အခြေခံများကို   ထူထောင် လျက်ရှိပါသည်။ ပကတိလိုအပ်ချက် ဖြစ်သည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်ပြီး ထာဝရငြိမ်းချမ်း ရေးရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိသည်။ စည်းလုံးညီညွတ်မှု၊  တည်ငြိမ်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့သည်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal”ပင်ဖြစ်သည်။

“တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်း အားဖြင့်ယူသော်ရ၏” ဟူသော ဆိုရိုးရှိသည်။ ညီညွတ်မှုသည် အခရာဟုဆိုရမည်ဖြစ်၏။ လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းဖျက်၊ ပြည်ဖျက် များ၏ စက်ဆုပ်ဖွယ်လုပ်ရပ်များက တိုင်းပြည်  အဖို့မှာ  ညစ်ထေးလှသည့်   ရွှံ့ညွန်သဖွယ်ရှိချေ၏။ တိုင်းပြည် အတွက် စေတနာပါပါ စံနမူနာပြ စီမံအုပ်ချုပ်အလုပ်လုပ်နေသည့် ခေါင်းဆောင်တစ်ဦး၏အောက်ဝယ် နိုင်ငံသူ၊ နိုင်ငံသားအားလုံး    ညီညွတ် သောအား၊ စည်းလုံးသောပြုမူဆောင်ရွက်ချက်များဖြင့် ရှေ့သို့လှမ်း၍  ချီတက်နေပါမူ  ကျွန်တော်တို့နိုင်ငံ သည် ရွှံ့ညွန်ကြားမှတိုးထွက်လာသည့် လရောင် ဆမ်းသော   ပဒုမ္မာကြာပန်းသဖွယ် ရှိနေချေ တော့မည်ဟု ယုံကြည် မိပါ၏။    ။