ပုသိမ်မြို့၊ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်  တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဒီဃဘာဏက  ဘဒ္ဒန္တမာနိတာလင်္ကာရ ၏ အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပ

ပုသိမ်မြို့၊ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်  တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဒီဃဘာဏက  ဘဒ္ဒန္တမာနိတာလင်္ကာရ ၏ အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပ

နေပြည်တော်၊ ဩဂုတ် - ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်  တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဒီဃဘာဏက  ဘဒ္ဒန္တ မာနိတာလင်္ကာရ သက်တော်(၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါ ၏ အန္တိမအဂ္ဂိ ဈာပနသဘင် ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာ‌တော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိရတနာဘိဝံသမှ မောင်းထောင်     ကျောင်းပရိယတ္တိစာသင်တိုက် ၏ ထေရုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားပူဇော်ခဲ့ပြီး တက်ရောက်လာကြသူများက ပုသိမ်မြို့၊ တိုက်ကြီးကျောင်းတိုက် ဆရာတော်ထံမှ  မရဏာနုဿတိဓမ္မသံဝေဂဒေသနာတော်ကို နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။