အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတောင်းတပ်နယ် လေ့ကျင့်ရေးကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆက်လက်၍ ဆုပေးပွဲကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် မိုင်းပန်တပ်နယ်အသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီးအသင်း ၈ သင်းတို့ဖြင့် ဇူလိုင် ၂၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြကြောင်း သတင်းရရှိသည်။