မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံရရှိ
ရန်ကုန် သြဂုတ် ၂
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်သုံးခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာအားကစားအဖွဲ့သည် JATIDIRI ရေကူးကန်၌ ကျင်းပသည့် ရေကူးပြိုင်ပွဲနှင့် MANAHAN ကွင်း၌ကျင်းပသည့် ပြေးခုန် ပစ်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင့်မြတ်က အမျိုးသားမီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲနှင့် မီတာ ၁၀၀ ပက်လက် ကူးပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ကျော်ထူးက မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ရွှေတစ်ခု၊ အမျိုး သမီးသံပြားပစ် ပြိုင်ပွဲတွင် ထက်ထက်အေးက ရွှေတစ်ခု၊ အမျိုးသမီး မီတာ ၂၀၀ အပြေး ပြိုင်ပွဲတွင် ဝေေ၀သင်းက ကြေးတစ်ခုဆွတ်ခူး ရရှိခဲ့ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့ ချုပ် ဥက္ကဋ္ဌက အမျိုးသမီး သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ထက်ထက်အေးအား ဆုချီးမြှင့်ခဲ့သည်။
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအား ကစားအဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက် ဘော်လီဘောနှင့် အလေးမ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့အထိ မြန်မာမသန်စွမ်း အားကစား အဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ်ခုနစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်သုံးခု စုစုပေါင်း ၁၂ ခု ရရှိလျက်ရှိကြောင်း သိရသည်။