အင်္ဂလန်နိုင်ငံအတွင်း ရုပ်သံမှ ကြည့်ရှုအားပေးမှု အများဆုံး အားကစားပွဲစဉ်အဖြစ် အမျိုးသမီးယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ ကြည့်ရှုသူ ၁၇ သန်းကျော်ဖြင့် စံချိန်တင်
အင်္ဂလန်နိုင်ငံ ဝင်ဘလေ အားကစားကွင်း၌ ကစား ခဲ့သည့် ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ရုပ်သံမှ ပရိသတ် ၁၇ ဒသမ ၄ သန်းအထိ ကြည့်ရှုအားပေးခဲ့ပြီး အင်္ဂလန်နိုင်ငံအတွင်း ရုပ်သံမှ ကြည့်ရှုမှုအများဆုံး အားကစား ပွဲစဉ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်သည် အင်္ဂလန်နိုင်ငံ၌ ကျင်းပသည့် အပြင် အိမ်ရှင်အင်္ဂလန် အမျိုးသမီးအသင်းကလည်း ဗိုလ်လုပွဲ ကစားခဲ့ရသည့်အတွက် အင်္ဂလန်နိုင်ငံမှ ပရိသတ်များက ကွင်းအတွင်း ဝင်ရောက်အားပေးမှုအပြင် ကွင်းပြင်ပ၌လည်း ရုပ်သံများမှတစ်ဆင့် ကြည့်ရှုသူ များပြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်ကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှု အားပေးခဲ့သည့် ပရိသတ် ၈၇၁၉၂ ဦး အထိရှိခဲ့ပြီး ကွင်းအပြည့် အားပေးခဲ့သည့်အပြင် ကွင်းပြင်ပ၌လည်း ရုပ်သံမှ ပရိသတ်များစွာကြည့်ရှု အားပေးခဲ့ကြပြီး ရုပ်သံမှ ကြည့်ရှုသူ ၁၇ ဒသမ ၄ သန်းအထိ ကြည့်ရှုအားပေးမှု စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
ရုပ်သံမှကြည့်ရှုသူ ၁၇ ဒသမ ၄ သန်းရှိသည့်အပြင် အွန်လိုင်း စာမျက်နှာများမှ တစ်ဆင့်လည်း ကြည့်ရှုသူ ပရိသတ်ဦးရေ ၅ ဒသမ ၉ သန်းအထိ ရှိခဲ့သည်။
အင်္ဂလန်နိုင်ငံအတွင်း ရုပ်သံမှ ကြည့်ရှုမှုအများဆုံး အားကစားပွဲစဉ်မှာ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားသည့် အင်္ဂလန်အသင်းနှင့် အမေရိကန်အသင်းတို့ ပွဲစဉ်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ရုပ်သံမှကြည့်ရှုသည့် ပရိသတ်ဦးရေ ၁၁ ဒသမ ၇ သန်းအထိရှိခဲ့ပြီး အများဆုံး စံချိန်တင်ထားခဲ့ခြင်းကို ယခုအခါ အင်္ဂလန်အသင်းနှင့် ဂျာမနီအသင်းတို့ ပွဲစဉ်က ၁၇ ဒသမ ၄ သန်းဖြင့် စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။