မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန် ပန္နရိုက်မင်္ဂလာပြုလုပ်

မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန် ပန္နရိုက်မင်္ဂလာပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း  တွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နရိုက်မင်္ဂလာကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်မည့်  မြေနေရာ၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊  ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နတော်များကို ရိုက်သွင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ RC(၂)ထပ်ဆောင်အဖြစ် တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။