ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘောလုံးရာသီအလိုက် အကောင်းဆုံး အသင်းများ စာရင်းတွင် မန်ယူအသင်း ထိပ်ဆုံး၌ ရပ်တည်
Betfair က စစ်တမ်းကောက်ယူဖော်ပြခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘောလုံးရာသီအလိုက် အကောင်းဆုံး အသင်းများစာရင်းတွင် မန်ယူအသင်းက ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၉၉၂-၁၉၉၃ ဘောလုံးရာသီမှ စတင်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအထိ နှစ်ပေါင်း ၃၀ အတွင်း ကျင်းပခဲ့သောပြိုင်ပွဲများမှ အသင်းများကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းကာလအတွင်း မန်ယူအသင်းက အကြိမ်ရေ အများဆုံး ဆွတ်ခူးထားနိုင်ခဲ့သော်လည်း အာဆင်နယ်အသင်းကဲ့သို့ တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းအပါအဝင် အံ့အားသင့်ဖွယ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် လက်စတာအသင်း သည်လည်း အကောင်းဆုံး အသင်းများ စာရင်းတွင် ပါဝင်လာခဲ့သည်။
မန်ယူအသင်းသည် ၁၉၉၉ ခုနှစ်က ချန်ပီယံဆုဖလား သုံးလုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အကောင်းဆုံး အသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကာ ၎င်း၏နောက်တွင် ၂၀၀၃ ခုနှစ်က ရွှေဖလားဆွတ်ခူးနိုင်ခဲ့သည့် အာဆင်နယ်အသင်း၊ ၂၀၁၉ ခုနှစ်က ချန်ပီယံဆုရသည့် လီဗာပူးအသင်း၊ ၂၀၁၇ ခုနှစ်က ရမှတ် အများဆုံးဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီး အသင်း၊၂၀၀၈ ခုနှစ်က ချန်ပီယံဆုရသည့် မန်ယူအသင်း၊ ၂၀၁၆ ခုနှစ်က ချန်ပီယံဆုရသည့် လက်စတာအသင်း၊ ၂၀၁၈ ခုနှစ်က ချန်ပီယံဆုရသည့် မန်စီးတီးအသင်း၊ ၂၀၀၄ ခုနှစ်က ချန်ပီယံဆုရရှိသည့် ချယ်လ်ဆီးအသင်း၊ ၁၉၉၄ ခုနှစ်က ချန်ပီယံဆုရသည့် ဘလက်ဘန်း အသင်းနှင့် ၂၀၁၄ ခုနှစ်က ချန်ပီယံဆုရသည့် ချယ်လ်ဆီး အသင်းတို့က အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။
Ref;Betfair.com