အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေ ၁၄ ခု၊ ငွေ ၁၂ ခုနှင့် ကြေး ၁၇ ခုဆွတ်ခူးပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၆)ရရှိ

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေ ၁၄ ခု၊ ငွေ ၁၂ ခုနှင့် ကြေး ၁၇ ခုဆွတ်ခူးပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်()ရရှိ

ရန်ကုန် သြဂုတ်

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့်  (၁၁)ကြိမ်မြောက်  အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု  စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၆)ရရှိခဲ့ကြောင်း သိရသည်။

မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင်   ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ်နှစ်ခု၊ ဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် အလေးမ အားကစားနည်းမှ ကြေးတံဆိပ် နှစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် MANAHAN ကွင်း၌ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ JATIDIRIု ရေကူးကန်၌ ကျင်းပသည့် ရေကူးပြိုင်ပွဲ၊ UNS ကွင်း၌ကျင်းပသည့် ဘောလုံးပြိုင်ပွဲနှင့် Solo Paragon  Hotel ၌ကျင်းပသည့် အလေးမ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားသံပြားပစ်ပြိုင်ပွဲတွင်    အောင်ဘုန်းမြတ်က ရွှေတစ်ခု၊   အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် အောင်ထွန်းလင်းက  ငွေတစ်ခု၊  တင်ညိုက ကြေးတစ်ခု၊ အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် နိုဇင်က ငွေတစ်ခု၊ အမျိုးသားမီတာ ၅၀  အလွတ်ကူးပြိုင်ပွဲတွင်  အောင်ဖုန်းက ငွေတစ်ခု၊ ဘောလုံးပြိုင်ပွဲတွင် ကြေးတစ်ခုနှင့် အလေးမပြိုင်ပွဲတွင် မင်းဇော်ဝင်းက ကြေးနှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး  မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုး၊ ဒုတိယဥက္ကဋ္ဌ (ဘဏ္ဍာရေး၊ လေ့ကျင့်ရေး) ဦးဝင်းမြင့်၊ ပါမောက္ခ ဒေါက်တာသန်းသန်းဌေးနှင့်   အတွင်းရေးမှူး  ဦးထွန်းနိုင်ဦးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

(၁၁)ကြိမ်မြောက်   အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင်  မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊ ဂိုးလ်ဘော၊   ရေကူး၊  ဘောလုံး၊ ထိုင်လျက် ဘော်လီဘောနှင့် အလေးမ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် အနေဖြင့် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ၄၃ ခုနှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ  အဆင့်(၆) ရရှိခဲ့ကြောင်း သိရသည်။