နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား(၄)ယောက်ကို ၎င်းတို့နှင့် ထိုက်သင့်သည့်အပြစ်ဒဏ် ဘာကြောင့်ပေးရသလဲ

နိုင်ငံတကာတွင် လူပြောများနေသည့် အကြမ်းဖက်သမား()ယောက်ကို ၎င်းတို့နှင့် ထိုက်သင့်သည့်အပြစ်ဒဏ် ဘာကြောင့်ပေးရသလဲ

    နိုင်ငံတကာနှင့်  မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ဗုံးပေါက်ကွဲမှုသတင်းများ၊ အကြမ်းဖက်ခံရမှု သတင်းများကို တီဗွီ၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက်စာမျက်နှာ များထက်တွင် နေ့စဉ်နှင့်အမျှမြင်တွေ့နေရ သည်။ ထိုကဲ့သို့သော အမင်္ဂလာသတင်းမျိုး ကို နေ့စဉ်နှင့်အမျှမြင်တွေ့နေရသောကြောင့် သတင်းဖတ်သူတို့အဖို့ မထူးဆန်းတော့သည့် သတင်းအား ကြားရသည့်နှယ် ဖြစ်နေကောင်း ဖြစ်နေပေမည်။ သို့သော် လက်တွေ့မြေပြင် တွင် အမှန်တကယ်အကြမ်းဖက် ခံရသူများ၏ အသက်အန္တရာယ်နှင့် နောက်ကွယ်က မိသားစုဘဝတို့သည် များစွာပေးဆပ်နေကြရသည်။ ခြိမ်းခြောက်ခံနေရသည်။ စိုးရွံ့ ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခံစားနေရသည်။

ကမ္ဘာပေါ်တွင်ရှိသည့် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မည်သည့်အကြမ်းဖက် မှုကိုမျှလိုလားမည် မဟုတ်ပေ။ မိမိနေထိုင်သည့် တိုင်းပြည်တွင်  ငြိမ်းငြိမ်းချမ်းချမ်းသာ နေလိုကြ၏။ နိုင်ငံတစ်နိုင်ငံသည် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ တိုင်းပြည် အေးချမ်းမှုရှိမှသာ နိုင်ငံတိုးတက်မှုရှိမည် ဖြစ်ပေသည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ တရားဥပဒေ စိုးမိုးမှုရှိပြီး  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသပါမကျန် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ   ပေါ်ပေါက် လာခဲ့ရသည့် အကြောင်းတရားကို မြန်မာနိုင်ငံ သူ၊ နိုင်ငံသားများသာမက ကမ္ဘာတစ်ဝန်း ကလည်း သိပြီးဖြစ်ပါသည်။ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်  ဖြေရှင်းခြင်းသည် အသင့်လျော်ဆုံးဖြစ်ပါသည်။ ထိုအကြောင်း အရာကိုမျက်ကွယ်ပြု၍ နိုင်ငံရေးအစွန်း ရောက်သူများက အကြမ်းဖက်နည်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အလုံးစုံ ပျက်သုဉ်းရေး လမ်းကြောင်းပေါ်သို့ တွန်းပို့ခဲ့ကြသည်။

မူလက သာမန်ဆန္ဒ ဖော်ထုတ်ရုံမျှသာ ရှိခဲ့ရာမှ အစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နိုင်ငံအတွင်းရှိ မြို့ရွာများ၌ ဆန္ဒပြသူ(Protester)အဖြစ်မှ အကြမ်းဖက် (Terrorist)အဖြစ်သို့ ပြောင်းလဲသွားကြ၏။ “ဒီမိုကရေစီရရှိရေး}”မှ “အာဏာရှင် စနစ်ကျဆုံးရေး”ဟူသော အကြောင်းအရာသို့ လည်းကောင်း၊ ၎င်းင်းမှ “နိုင်ငံအလုံးစုံ ပျက်သုဉ်းရေး”ဟူသော ဦးတည်ချက်သို့ လည်းကောင်း ဦးတည်လာကြသည်။ အဆိုပါ ဖြစ်စဉ်တို့သည် ပြည်သူလူထုအတွက် ရှေးရှုချက်အဖြစ်  ကြွေးကြော်သံများတွင်ပင် မပါဝင်ခဲ့ဘဲ လူတစ်စု၏ကိုယ်ကျိုးစီးပွားနှင့် တစ်ပါတီကောင်းစားရေးကို အခြေပြုသည့် နိုင်ငံရေးအန်တုမှု အပေါ်ကနေ ဖြစ်တည် လာခဲ့ခြင်းပင်ဖြစ်သည်။

အကြမ်းဖက်မှုများ၏ အစအဖြစ်  Social Punishment ခေါ် ၎င်းတို့နှင့် သဘော ထားမတူသူ  အပြစ်မဲ့ပြည်သူလူထုအား လူကြားထဲတွင် လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း အရှက်ခွဲကာ CDM လုပ်ဆောင်ချက်အား စတင်ပုံဖော်ခဲ့သည်။ CDM လုပ်ဆောင်မှုကို အားတစ်ခုအဖြစ် ရယူကာ ပြည်ပအင်အားစုတို့နှင့်  ပြည်တွင်းပုဆိန်ရိုးတို့ ပူးပေါင်း လှုံ့ဆော်ကာ အစိုးရကိုဖြုတ်ချရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အစိုးရ၏ လုပ်ဆောင်ချက်အပေါ် စိတ်ဓာတ်ယိမ်းယိုင် သံသယဖြစ်အောင် လုပ်ဆောင်ရာမှ အစပြု၍ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား  ပြည်ထောင်စုပြိုကွဲပြီး သွေးချောင်းစီး တိုက်ပွဲများ ဖြစ်လာသည်အထိ  ရည်ရွယ်ကာ နိုင်ငံအတွက် ဆိုးရွားသည့် လုပ်ငန်းစဉ် များအား လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့သော လုပ်ငန်းစဉ် ဖန်တီးကြသူများမှာ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း အချို့နှင့် နိုင်ငံရေး အစွန်းရောက်များ ပါဝင် ဖွဲ့စည်းထားသည့် မတရားအသင်းအဖြစ် ကြေညာထားခြင်း ခံရသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်း  အားလုံးပင်ဖြစ်သည်။

ထိုအဖွဲ့အစည်းတို့သည်  မြန်မာနိုင်ငံရှိ အပြစ်မဲ့ပြည်သူများအပေါ်  ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများအဖြစ် ပုဂ္ဂလိကနှင့်  ပြည်သူပိုင်ပစ္စည်းများကို ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရေး ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အဖွဲ့မှ   ပါဝင်ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်အပေါ် တရားရုံးမှ ၎င်းတို့၏လုပ်ရပ်  နှင့်အညီ တရားဥပဒေကြောင်းအရ ရာဇဝတ်မှုတစ်ခုအတွက် သင့်လျော်ရာပြစ်ဒဏ်ကို စီရင်ချက်ချကာ ပြစ်ဒဏ်တစ်မျိုးမျိုး ပေးကြရသည်။

မကြာသေးမီက မတရားအသင်းနှင့် ဆက်သွယ်၍ နိုင်ငံအတွင်း အကြမ်းဖက်ဖောက် ခွဲဖျက်ဆီးရေးနှင့် တရားမဝင်လက်နက်ကိုင် လူသတ်မှုများ ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ် တစ်စုအပေါ်  တရားရုံးမှထိုက်သင့်သည့် ပြစ်ဒဏ်စီရင်ချက်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး အနောက်နိုင်ငံအချို့နှင့် ကုလသမဂ္ဂတို့ က တာဝန်မဲ့ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ ကြသည်။ လူ့အခွင့်အရေး အကြောင်းပြပြီး ရှုတ်ချခဲ့ကြ၏။ ပြစ်မှုကျူးလွန်သူများကို ဒီမိုကရေစီသူရဲကောင်းဟု တံဆိပ်ကပ်၏။ ပြစ်ဒဏ်နှင့်ထိုက်သင့်သည့် ပြစ်ဒဏ်စီရင်မှု အပေါ် အမျိုးမျိုးဝေဖန် ကန့်ကွက်လာကြသည်။ လူ့အသက်ကို တန်ဖိုးမထားသော လုပ်ရပ်များကို မျက်ကွယ်ပြုချင်ကြ၏။ ၎င်းင်းတို့ ကိုယ်တိုင်နှင့် ၎င်းင်းတို့၏မိသားစုဝင်များသာ ထိုကဲ့သို့သော အကြမ်းဖက်မှုမျိုးနှင့် ကြုံတွေ့ ခဲ့ရလျှင် အဆိုပါထုတ်ပြန်ချက်များ ထုတ်ပြန်နေဦးမည်လားဟု မေးမြန်းရမည်သာဖြစ်၏။ အခြားတစ်ဖက်တွင် ဒီမိုကရေစီအရေး လှုပ်ရှားပါသည်။ တပ်မတော်က နိုင်ငံ၏ အာဏာကိုရယူသဖြင့် တွန်းလှန်ရပါသည် ဟုဆိုရုံမျှဖြင့် လူသတ်ဖြတ်ခြင်း၊ မိုင်း ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို တရားလက်လွတ် လုပ်ခွင့်ရှိသည်လားဟု မေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ  လက်ရှိအစိုးရ အနေဖြင့် ၂၀၀၈ ခုနှစ်၊  ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပ်နှင်းထားသည့် အခွင့်အာဏာများကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိပါသည်။ မြန်မာ နိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံသားတိုင်းသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် ကျား/မ မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အရေးရရှိခံစား နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေ များအား လေးစား လိုက်နာရမည်ဖြစ်သကဲ့သို့ တည်ဆဲဥပဒေများအရ နိုင်ငံသားတိုင်း၏ အခြေခံ လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးထားကြောင်း တွေ့ရှိရ မည်ဖြစ်ပါသည်။

နိုင်ငံအတွင်း   အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်ထားသော ပြစ်ဒဏ်သင့် အကြမ်းဖက် သမားများသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပိုဒ် ၄၉ (က)၊ ၅၀ (ဈ)နှင့် ၅၀(ည)တို့အား ဖောက်ဖျက်ကျူးလွန် ခဲ့ကြောင်း ပြစ်မှုထင်ရှားစွာ စစ်ဆေးတွေ့ရှိ ရသည့်အတွက် တရားရုံးက ၎င်းတို့နှင့် ထိုက်တန်သည့် စီရင်ချက် ချမှတ်ခဲ့ခြင်းသာဖြစ်ပါသည်။ ၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှု တို့အတွက် ပြဋ္ဌာန်းထားသော ဥပဒေနှင့် အညီ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ လွတ်လပ်၍ နိုင်ငံသားတိုင်းအတွက် သာတူညီမျှဖြစ်ပါသည်။ ခေတ်စကားအရဆိုရလျှင် အစိမ်း၊အနီ၊ အပြာ၊ အဝါမခွဲခြားထား။ လူမျိုးစုကို သော်လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှုကိုသော် လည်းကောင်း ခွဲခြားကန့်သတ်ခြင်း၊ အခွင့်အရေးပေးခြင်း မရှိသည်ကို သတိချပ် သင့်ပါသည်။

အကြမ်းဖက်မှုကျူးလွန်၍ ပြစ်ဒဏ်ကျ ခံရသူများဖြစ်သည့်     မောင်ကျော်(ခ) ဖြိုးဇေယျာသော်နှင့် ဂျင်မီ(ခ)ကျော်မင်းယုတို့ သည် အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် သဘောထားမတိုက် ဆိုင်သည့် နိုင်ငံရေးပါတီများ အပါအဝင် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ရန် နှင့်  အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် အတွက် ပေါက်ကွဲအား မြင့်မားသည့် ဖောက် ခွဲရေးပစ္စည်းများနှင့်  သေစေနိုင်သည့် လက်နက်များကို နောက်ကွယ်မှ ပံ့ပိုးပေးခဲ့သည့် ကြိုးကိုင်စီစဉ်ညွှန်ကြားသူများ ဖြစ်ပါသည်။

ထိုသို့နှယ် အကြမ်းဖက်သတ်ဖြတ်မှု၊ ဖောက်ခွဲတိုက်ခိုက်မှုများအတွက် လက်နက်/ ခဲယမ်းများ သယ်ယူမှုစနစ်တွင်ပင် ၎င်းတို့၏ စိတ်စေတနာအား  သိသာနိုင်ပါသည်။ ကိုဗစ်တတိယလှိုင်း ကာလဆိုလျှင် အများမြင်သာမည်ထင်သည်။ မမျှော်မှန်းနိုင်သည့် အခြေအနေတွင်  အောက်ဆီဂျင်အခက်အခဲက ကြီးမားလာသည်။ လိုအပ်သည့် အောက်ဆီဂျင်အတွက် နိုင်ငံတော်မှ နည်းမျိုးစုံကြိုးစားမှုများအပြင်  အရပ်သား  ပြည်သူများကိုပါ    အောက်ဆီဂျင်ဝယ်ယူ တင်သွင်းခွင့်ကို ခွင့်ပြုခဲ့သည်။ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးစားနေသည် ဟူသော   သတင်းများ ရထားသည့်တိုင် ပြည်သူများ အဆင်ပြေပါစေတော့ဟူသော စေတနာစိတ်ဖြင့်  အောက်ဆီဂျင်နှင့် ဆေးပစ္စည်းများ တင်သွင်းပါက   စစ်ဆေးမှုကို ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။ နိုင်ငံတော်မှ စေတနာမှန်ခဲ့သည့်တိုင် အကြမ်းဖက် သမားများ အတွက်တော့  ခွင်ဖြစ်ခဲ့သည်မှာ ပြည်သူတို့အတွက် ဒုက္ခများစွာဖြစ်ခဲ့သည်။ ပြည်သူများ အသက်ရှည်စွာ အနာမဲ့စေရေး နိုင်ငံတော်အစိုးရ၏ စေတနာကို အကြမ်းဖက် သမားများက အရောင်ဆိုးသည်။ ဆေးနှင့်ဆေးပစ္စည်းများ၊   အောက်ဆီဂျင်အိုးများ အတွင်း လက်နက်/ခဲယမ်းများကို    ကွယ်ဝှက်သယ်ဆောင်ကြသည်။ ပြည်သူမသေစေလိုသော စေတနာကို ပြည်သူသေစေမည့်ဝေဒနာများ ဖြစ်လာမည့် လက်နက်/ခဲယမ်းများဖြင့် တိုင်းပြည်နှင့်ပြည်သူကို ဒုက္ခဝေစေခဲ့သည်။ ဤသို့ပြုမူမှုကို မည်သည့်နိုင်ငံ၊ မည်သည့်ဒေသတွင် လူ့ကျင့်ဝတ်အရ၊ ဥပဒေအရ ခွင့်လွှတ်သင့်သည်ဟု ပြဆိုထားပါသနည်းဟုမေးပါက အဖြေရှိမည် မဟုတ်ပေ။

အကြမ်းဖက်မှုပြစ်ဒဏ် ကျူးလွန်ခဲ့သည့်  ကျော်မင်းယု(ခ)ဂျင်မီ၏ ပြစ်ဒဏ်ကျူးလွန်ခဲ့မှုနှင့် ပတ်သက်၍ ၎င်းသည် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော CRPH/NUG ၏ နိုင်ငံရေးနှင့် လုံခြုံရေး အကြံပေးသူဖြစ်သည်။ ၎င်း၏လူသိများသည့် အခွင့်အရေးအား အသုံးချ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် အကြောင်းရှိသည့် ရေးသားချက်၊ ပြောဆိုချက်များကို Social  မီဒီယာများ၊ လူမှုကွန်ရက်များကို အသုံးပြုလုပ်ဆောင်ခဲ့ မှုများကြောင့် ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တရားရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာကြီး အမှတ်(၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့်    ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့်အညီ လူဖမ်းဝရမ်း ထုတ်ဆင့်ခဲ့ပြီးဖြစ်သည့် တရားခံပြေး တစ်ဦးဖြစ်ပါသည်။

ကျော်မင်းယု(ခ)ဂျင်မီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ  CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ ဝါဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။  ဧပြီလ ၂ ရက်တွင် ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊     မဲဆောက်သို့ သွားရောက် တိမ်းရှောင်ခဲ့ပြီး    ဖောက်ခွဲဖျက်ဆီးရန်၊ လက်နက်ကိုင် တိုက်ခိုက်ရန်နှင့် လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Moon Light Operation  အဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပါသည်။     ၎င်းအဖွဲ့တွင် ဖြိုးဇေယျာသော်  Yangon Urban GuerillaYUG အဖွဲ့နှင့် ရန်ကုန်တိုင်း PDF အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းစသည့် စစ်ရေးနှင့် မဆိုင်သည့် ပစ်မှတ်များအား ပစ်မှတ်ထား တိုက်ခိုက်မည့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။ သူတို့၏ စတင်ဖွဲ့စည်းစဉ် ရည်ရွယ်ချက်၊   ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မည့်ပစ်မှတ်များကို သတိပြုမိပါသလော။   စောကြောမိပါသလော။

အမေးလွယ်သကဲ့သို့   အဖြေလည်းခက်မည်မဟုတ်ပါ။

ထိုသို့သော  မဟာအကြမ်းဖက် လုပ်ရပ်များအတွက်  အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည့် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းတွင် အကြမ်းဖက် လုပ်ငန်းကြီး - - Mission ၈ ခုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး  Mission-1 ၊ Mission-2 နှင့် Mission-3 တို့အား   အောင်မြင်စွာလုပ်ဆောင်နိုင်ရန်   အနီးကပ်ကြပ်မတ် လုပ်ဆောင်ခဲ့သည်။ ဆက်လက်လုပ်ဆောင်မည့် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7၊ Mission-8 တို့အား မြို့နယ် ၆ မြို့နယ်တွင်   ကြီးမားသည့်ဖောက်ခွဲ ဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ပေါင်းစပ်ဆောင်ရွက်ရန်  ရည်မှန်းထားပြီး လုပ်ဆောင်စဉ် ၎င်း၏နေအိမ်၌ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် သေနတ် ၁၇ လက်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများအား  အနီးကပ်စီစဉ် ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG/CRPHတို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် ပူးပေါင်းကြံစည်ခဲ့ခြင်း တို့ကို ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ)ဂျင်မီအား   တရားရုံးက ၎င်းနှင့် ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သေဒဏ်ထိုက်သင့်သည့် ပြစ်ဒဏ်များ အတွက် မထိုက်သင့်ဟု ယူဆသည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ကြေညာချက် ထုတ်ပြန်သည့် ရုံးအဖွဲ့အစည်းများကို ထုတ်လိုသည့် မေးခွန်းမှာ ထိုကဲ့သို့အကြမ်းဖက်၍ သတ်ဖြတ်ခံရသူများထဲတွင် သင့်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများပါဝင်ပါက မည်သို့သဘောဆောင်၍ ကန့်ကွက်လိုပါသနည်း။ ၎င်းအကြမ်းဖက်သမားများက အကြမ်းဖက်မှုနှင့် လူသတ်မှုများ  ထပ်မံလုပ်ဆောင်ရန် အကြံအစည်များလည်း ရှိသေးသည်ဆိုလျှင် ဒီမိုကရေစီအတွက် လုပ်တာပဲ။ လက်ခံရမည်လို့   ခံယူထားပါသလား....၊ သူ့နေရာမှာ    ကိုယ်သာဆိုလျှင် ဆိုသော ကိုယ်ချင်းစာစိတ်အပြည့်နှင့် ဖြေကြည့်စေလိုပါသည်။

၎င်းအပြင် NUG အမည်ခံ အကြမ်းဖက် အဖွဲ့အစည်း၏စေခိုင်းချက်အရ  အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော် (ခ)ဖြိုးဇေယျာသော်သည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊  တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင်  လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့သူ တစ်ဦးဖြစ်ပါသည်။

ဖြိုးဇေယျာသော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ   ဒုတိယအပတ်မှစပြီး ဆန္ဒပြမှုများတွင်   ဦးဆောင်ပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ရောက်ချိန်တွင် အစိုးရကိုလုံးဝ အုပ်ချုပ်၍မရအောင် နည်းလမ်းပေါင်းစုံနှင့် တိုက်ခိုက်ရန်၊ အနှောင့် အယှက်ပေးရန်၊    ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဆူပူ ဆန္ဒပြမှုများဖြစ်စေရန် ဦးစီး ဆောင်ရွက်ခဲ့သည်။ စစ်ရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များ ချိတ်ဆက်ရေး NUG အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်။  CRPH အမည်ခံအကြမ်းဖက် အဖွဲ့အစည်း ရေရှည်ရပ်တည်နိုင်ရေး အကောင်အထည်ဖော်ရန် ကွန်ရက်များ အားကောင်းလာအောင် ဆောင်ရွက်ရန် Plan ပေါင်းများစွာအား ချမှတ် ဆောင်ရွက်ခဲ့သည်။ နယ်မြေထိန်းတိုက်ပွဲများ ဆင်နွှဲသည့်အခါ  EAO များမှ PDFအမည်ခံ အကြမ်းဖက်အဖွဲ့များအနေနှင့် တိုက်ပေးမည်ဆိုသည့်  Plan များလည်း ပါရှိသည်။

ဖြိုးဇေယျာသော်သည် Teams များ အများအပြား ဖွဲ့စည်းပြီး Phaseများ တဖြည်းဖြည်းအဆင့်မြှင့်တင် လုပ်ဆောင်ခဲ့ပါသည်။

Mission များ  အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် လက်နက်တိုက်၊   Save House ၊ Withouts Cars ၊ Operation Cost   စသည်များအား  ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ Missionတစ်ခုလုပ်ပြီး ခိုအောင်းရန် နေရာအထိပင်  အသေးစိတ်ဆောင်ရွက်ခဲ့ပြီး စစ်ရေးစီမံချက်များ ချခဲ့သည်။  နိုဝင်ဘာလ ၄ ရက်တွင် Zoom Meeting လုပ်၍    စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပစ်မှတ်များအား အလုံးစုံ ပစ်ခတ်တိုက်ခိုက်ရန် စီစဉ် လုပ်ဆောင်လာခဲ့သည်။ Mission များလုပ်သည့်နေရာ၌ ဖြိုးဇေယျာသော်သည်    ကိုယ်တိုင်ပါဝင် စီစဉ်ခြင်းနှင့် လမ်းညွှန် ချမှတ်ပေးခြင်းများကိုပါ လုပ်ဆောင်ခဲ့သည်။

ဖြိုးဇေယျာသော်ဦးစီးသည့် အကြမ်းဖက် ၂၀ ဖွဲ့သည်  ပြည်သူပိုင် အဆောက်အဦများကို ဗုံးထောင်ဖောက်ခွဲမှု အကြိမ်ရေ(၃၀)ခန့်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရရုံးများအား ဗုံးထောင်ဖောက်ခွဲမှု  (၃၂)ကြိမ်ခန့်၊လျှပ်စစ်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့၌ (၉)ကြိမ်ခန့်နှင့် CCTVထိန်းချုပ်ရေးစနစ်များကို (၅)ကြိမ်၊ အများပြည်သူပိုင်နေရာများ၌ ဗုံးဖောက်ခွဲမှု အကြိမ်ပေါင်း (၆၀)ခန့် ကျူးလွန် လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ အများအပြား   သေကျေထိခိုက် ဒဏ်ရာ ရရှိစေခဲ့ပါသည်။ ထို့အပြင် သာသနိက အဆောက်အဦများ အနီးတွင်(၂)ကြိမ်ခန့်နှင့်   စာသင်ကျောင်းများ၌ (၃)ကြိမ်၊ စုစုပေါင်း(၁၆၂)ကြိမ်၊ လက်နက်/ခဲယမ်းများ ထုတ်ပေး၍ အပြစ်မဲ့ပြည်သူများ အား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု(၂၈)ကြိမ် ကျူးလွန်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦး၊ အပြစ်မဲ့ပြည်သူ(၁၂)ဦး၊ စုစုပေါင်း(၂၁)ဦးသေဆုံးခဲ့ပြီး   လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ(၁၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။