သရေတစ်မှတ်စီခွဲယူခဲ့ကြသော ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း
နေပြည်တော် သြဂုတ် ၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁)အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇)ကို ယနေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရတနာပုံ FC အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိရလဒ်ဖြင့် သရေတစ်မှတ်စီ ခွဲယူခဲ့ကြသည်။
ယနေ့ပွဲထွက်လူစာရင်းတွင် ရတနာပုံ FC အသင်းမှာ ပုံမှန်ပွဲထွက်နေကျ ကစားသမားများဖြင့် ပွဲထွက်စေခဲ့ပြီး ရှေ့တန်းတွင် သက်နိုင်၊ ငြိမ်းချမ်းစိုးတို့ကို တွဲဖက်ကစားစေခဲ့ကာ ဧရာဝတီယူနိုက်တက် အသင်းတွင် ရဲကျော်ထွေး၊ ကောင်းမြတ်သူနှင့် ရာဇာအောင် အစရှိသည့် တိုက်စစ်ကစားသမားများဖြင့် ပွဲထုတ်ယှဉ်ပြိုင် ကစားခဲ့သော်လည်း ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။
သြဂုတ် ၈ ရက်(ယနေ့)တွင် မြန်မာနေရှင်နယ်လိဂ်၂၀၂၂ ပွဲစဉ်(၇)မှ မဟာယူနိုက်တက် အသင်းနှင့် မြဝတီ FC အသင်းတို့ ညနေ ၃ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။