ဆယ်စုနှစ်တစ်ခုအတွင်း ဂျာမန်ဘောလုံး သမိုင်းတစ်လျှောက်တွင် ပြိုင်ပွဲစုံ အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မာနေးစံချိန်တင်

ဆယ်စုနှစ်တစ်ခုအတွင်း ဂျာမန်ဘောလုံး သမိုင်းတစ်လျှောက်တွင် ပြိုင်ပွဲစုံ အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မာနေးစံချိန်တင်

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ  အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဘိုင်ယန်မြူးနစ် အသင်းနှင့် ဖရန့် ဖတ်အသင်းတို့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ၆ ဂိုး-၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး   အဆိုပါပွဲစဉ်တွင် တိုက်စစ်ကစားသမား မာနေးက    အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း ဂျာမန်ဘောလုံး သမိုင်းတစ်လျှောက်   ပြိုင်ပွဲစုံအဖွင့် ပွဲစဉ်နှစ်ပွဲဆက်  ဂိုးသွင်းယူနိုင်ခဲ့သည့်  ပထမဆုံး ကစားသမားအဖြစ်  စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်  ကစားသမား အပြောင်းအရွှေ့ကာလတွင် လီဗာပူးအသင်းမှ ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့်  မာနေးသည်  အသင်းသစ်နှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး ဂျာမန်စူပါဖလား ပြိုင်ပွဲ  အဖွင့်ပွဲစဉ်ဖြစ်သည့်  လိုက်ပဇစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်တွင်   ဂိုးသွင်းနိုင်ခဲ့သည့်အပြင်  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ အဖွင့်ပွဲစဉ် တွင်ပါ   ဂိုးသွင်းယူနိုင်ပြီးနောက်   စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဂျာမန်ဘောလုံးသမိုင်း တစ်လျှောက်တွင်  ပြိုင်ပွဲစုံ အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သည့်    ကစားသမားအဖြစ် ၂၀၁၂ ခုနှစ်က မန်ဇူကစ်က  စံချိန်တင်ထားခဲ့ပြီး ယခုအခါ မာနေးက လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

မာနေးသည် သြစတြေးလျလိဂ်၊ ပရီးမီးယားလိဂ်နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတို့တွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံးအာဖရိက ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။