နည်းပြ ဖာဂူဆန်နောက်ပိုင်း အဖွင့်ပွဲစဉ်တွင် ရှုံးနိမ့်သည့် ဒုတိယမြောက် မန်ယူအသင်း နည်းပြအဖြစ် နည်းပြတန်ဟတ် မှတ်တမ်းဝင်

နည်းပြ ဖာဂူဆန်နောက်ပိုင်း အဖွင့်ပွဲစဉ်တွင် ရှုံးနိမ့်သည့် ဒုတိယမြောက် မန်ယူအသင်း နည်းပြအဖြစ် နည်းပြတန်ဟတ် မှတ်တမ်းဝင်

မန်ယူအသင်း နည်းပြတန်ဟတ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင်  ရှုံးနိမ့်ပြီးနောက်  မန်ယူအသင်းဂန္ထဝင် နည်းပြကြီး ဖာဂူဆန်နောက်ပိုင်း အဖွင့်ပွဲစဉ်တွင် ရှုံးနိမ့်သည့်   ဒုတိယမြောက် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်း၌ ဂန္ထဝင်နည်းပြ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော နည်းပြဖာဂူဆန်သည် ၂၀၁၃ ခုနှစ်တွင် အနားယူပြီးနောက်ပိုင်း နည်းပြအပြောင်းအလဲများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုများ ပြန်လည်ရရှိရန် ရုန်းကန်ခဲ့ရသည်။

မန်ယူအသင်းသည် နည်းပြဖာဂူဆန် အနားယူပြီးနောက် နည်းပြများအဖြစ် ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဂါးလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှားနှင့် လက်ရှိနည်းပြအဖြစ် အေဂျက်အသင်း နည်းပြတန်ဟတ်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်း၌  နည်းပြ  ဖာဂူဆန်နောက်ပိုင်း တာဝန်ယူခဲ့သည့် နည်းပြများထဲမှ ပရီးမီးယားလိဂ် ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင်  ရှုံးနိမ့်သည့် ပထမဆုံးနည်းပြအဖြစ် နယ်သာလန်လူမျိုး နည်းပြ လူးဝစ်ဗန်ဂါးလ်က မှတ်တမ်းဝင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင် နည်းပြမော်ရင်ဟိုနှင့်  နည်းပြဆိုးလ်ရှားတို့ တာဝန်ယူကိုင်တွယ်ခဲ့ကာ အောင်မြင်မှု မရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်များကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြသည်။

အေဂျက်အသင်းနှင့်အတူ အောင်မြင်မှုများ ရရှိခဲ့သည့် နည်းပြ တန်ဟတ်သည် ရာသီကြိုခြေစမ်းပွဲစဉ်များ ကိုင်တွယ်ရာတွင်  ရလဒ်ကောင်းများ ရရှိအောင်   စွမ်းဆောင်နိုင်ခဲ့သော်လည်း   ပရီးမီးယားလိဂ်ပြိုင်ပွဲ   အဖွင့်ပွဲစဉ်တွင်  ဘရိုက်တန် အသင်းကို အိမ်ကွင်း၌ လက်ခံ ကစားခဲ့ရသော ပွဲစဉ်တွင် ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။