ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ

သွေးတိုးရောဂါဟာ လူကိုမကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်တယ်။ ကိုယ်ဝန်ဆောင်မိခင်သွေးတိုးရင် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးစောစောမွေးခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်းတို့ ဖြစ်စေတယ်။   မိခင်ရော၊ ကလေးပါ ကျန်းမာရေးဒုက္ခရောက်နိုင်တယ်။ သိပ်ဆိုးရင် အချင်းကနေ  ကလေးဆီ အာဟာရပို့တဲ့အခါ    ချို့ယွင်းပြီး ရသင့်တဲ့ အာဟာရမရလို့ ကလေးကြီးထွားမှုနှေးစေတယ်။ ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးဖို့ လိုသလို သွေးတိုးရောဂါစွဲကပ်ရင် မိမိဗိုက်အပ်တဲ့ ဆေးရုံဆေးခန်းပြန်ပြဖို့ လိုတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတက်ရင်း သွေးဆိပ်တက်ခြင်းဖြစ်တတ်ရာ

          (၁)     ဦးနှောက်ရောင်နိုင်တယ်။ ဦးနှောက်သွေးကြောပြတ်၊ ဦးနှောက်ရုတ်တရက်တိုက်ခိုက်ခံရပြီး အသက်ဆုံးနိုင်တယ်။

          (၂)     သွေးတိုးများလွန်းတဲ့အတွက် အဆုတ်မှာ ရေများလာတယ်။ သွေးတိုးကြောင့် နှလုံးရုတ်တရက် အလုပ်မလုပ်ဘဲ အဆုတ်မှာ ရေများလာတယ်။ သေဆုံးနိုင်ပါတယ်။

          (၃)     ကလေးမှာ အာဒီအက် (RDS-Respiratory Distress Syndrome)ရှိသလို သွေးတိုးပြင်းထန်တဲ့ မိခင်မှာ ခံစားရတယ်။

          (၄)     သွေးတိုးလွန်းရင်၊ အသည်းအလုပ်မလုပ်ဘဲ အသည်းပျက်စီးခြင်းဖြစ်ကာ အသည်းကလာပ်စည်းတွေ  ပျက်စီးသွားနိုင်ပါတယ်။

          (၅)     ကျောက်ကပ်မှာ    ကျောက်ကပ်သွေးလှည့်ပတ်စီးဆင်းမှု   ချို့ယွင်းသွားလို့ ကျောက်ကပ်အလုပ်   မလုပ်နိုင်သလိုကျောက်ကပ်ရောဂါနဲ့ ဒုက္ခရောက်သေဆုံးနိုင်ပါတယ်။

          (၆)     ပြင်းထန်တဲ့သွေးတိုးဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေအားလုံး အလုပ်လုပ်နေတဲ့ စနစ်တွေအားလုံး အလုပ်လုပ်နေတဲ့ ရင်သွေးရဲ့ စနစ်အားလုံး ပျက်ယွင်းသွားပြီး ရင်သွေးသေဆုံးနိုင်တယ်။

                             သွေးမှာပါတဲ့ ဝတ္ထုပစ္စည်းတွေ သွေးခဲစေတတ်တဲ့ ပစ္စည်းတွေသွေးမှာပါတဲ့ အခြေခံဖြစ်တဲ့ သွေးနီဥ၊  သွေးဖြူဥ၊ သွေးဥမွှားစတာတွေ အကုန်လုံးယောက်ယက်ခတ်ပြီး သွေးမခဲတဲ့ရောဂါ ဖြစ်စေတယ်။ တစ်ကိုယ်လုံး အရေပြားအောက်မှာ သွေးခြည်ဥနေမယ်။ သွေးကြောငယ်လေးတွေကနေ သွေးတွေစိမ့်ထွက်မယ်။ နှာခေါင်းသွေးထွက်မယ်။ သွားဖုံးသွေးထွက်မယ်။

အစာအိမ်အူလမ်းကြောင်းကနေ သွေးထွက်မယ်။ တစ်ကိုယ်လုံးက သွေးခဲတဲ့စနစ် ပျက်စီးသွားပြီး သွေးယိုစိမ့်ရောဂါ ဖြစ်နိုင်ပါတယ်။

          (၇)     သွေးတိုးကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဆိုးရွားလာနိုင်တဲ့ အန္တရာယ်တွေ သိထားရမယ်။

ကိုယ်ဝန်ဆောင်မှာ   သွေးတိုးဒုက္ခပေးနိုင်သလို ကိုယ်ဝန်ဆောင်ကသွေးတိုးအပေါ် ပိုဆိုးလာတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကတစ်ဆင့် ကျန်းမာရေး အသိဉာဏ်ပေးတဲ့အခါ မိသားစုတွေသိထားရမယ့် သွေးတိုးမိခင်ကို   စောစောစီးစီးကိုယ်ဝန်အပ်ရပါမယ်။ ကိုယ်ဝန်ဆောင်သွေးတက်ခြင်းဖြစ်ဖို့ အလားအလာ များတယ်။

          (၁)     နဂိုကတည်းက ဗီဇအရမိဘမျိုးရိုးအရ ကိုယ်ဝန်မရှိခင်ကတည်းက အပျိုအရွယ်ကတည်းက သွေးတိုးရှိသူတွေ။

          (၂)     အကြောင်းအမျိုးမျိုးကြောင့်  သွေးတိုးရောဂါဖြစ်နေတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကျောက်ကပ်ရောဂါကြောင့်ဖြစ်ဖို့ များတယ်။ ကျောက်ကပ်ရောဂါတို့၊ အခြားကိုယ်တွင်းအကျိတ်ဂလင်း (နညိသခမငညန) ချို့ယွင်းတာကြောင့် သွေးတိုးဖြစ်နေတဲ့ အမျိုးသမီးတွေ။

          (၃)     အရင်ကိုယ်ဝန်မှာတုန်းက သွေးတိုးရှိခဲ့တယ်။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ် တက်ခဲ့တယ်။ ဒုတိယကိုယ်ဝန်မှာ သွေးတိုးပိုတက်ဖို့ များပါတယ်။

          (၄)     သားဦးကိုယ်ဝန် ဆောင်ထားရတဲ့ အမျိုးသမီးတွေ၊ အရင်သွေးတိုးရှိခဲ့ သို့မဟုတ် မရှိခဲ့ရင်  ကလေးငါးယောက်နဲ့အထက် ကိုယ်ဝန်ဆောင်မိခင်တွေ   ယင်းအမျိုးသမီးတွေအနေနဲ့     ကိုယ်ဝန်ရှိချိန်မှာ  သွေးတိုးက တက်လာနိုင်တဲ့အတွက် အန္တရာယ်များတဲ့အုပ်စုအနေနဲ့   ပိုပြီးဂရုစိုက်သင့်ပါတယ်။ မိခင်ကောင်းဟာ အသက် ၁၈ နှစ် မပြည့်သေးဘူး။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ ရှိနေတယ်ဆိုရင် အသက်အန္တရာယ် ကျရောက်နိုင်တဲ့ မိခင်စာရင်းမှာပါဝင်နေလို့ ရိုးရိုးဆေးရုံမှာ မတက်သင့်ဘူး။ ဆေးရုံဆေးခန်းပြရမယ်။ ခွဲစိတ်မွေးဖွားဖို့ လိုကောင်းလိုတတ်ပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်နှစ်ချောင်း ကယ်တင်ပေးနိုင်ရေး ဆေးရုံမှာမွေးရမယ်။ ဆေးရုံရောက်ပြီ ဆိုရင် အစားအစာ၊ သောက်ရမယ့်ဆေးတို့ကို စနစ်တကျ မှန်မှန်ကန်ကန် ညွှန်ကြားပေးနိုင်သလို အထဲက ကလေးကို  လအနုအရင့်အလိုက်မွေးတဲ့ထိ  တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါ စစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးရမယ်။ Ultrasound ရိုက်တာ၊   ဆီးသွေးစစ်တာ သေသေချာချာကုသပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်လာဖို့ အခွင့်အရေးနည်းသွားမှာ ဖြစ်ပါတယ်။   ကိုယ်ဝန်ရှိလာရင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ဆီကို စောစောသွားဗိုက်အပ်ပြီး မိသားစုဆရာဝန်ကနေ သားဖွားမီးယပ်အထူးကုဆရာဝန်အထိ ညွှန်းရင်ညွှန်းပေးသလို သွားရောက်ပြသရမယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသဖို့ လိုအပ်တဲ့ ကုသမှု၊ ကာကွယ်ဆေး(အေထီထီ) ထိုးနှံမှုတွေပြုထားရင် စိတ်အေးရမယ်။

ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဟာ သားဦးမိခင် ၁၀၀ မှာ ၁၀ ဦးမှ ၁၅ ဦးအထိ ဖြစ်တတ်သလို သားနှောင်းမိခင်တွေမှာ ၁၀၀ မှာ နှစ်ဦးကနေ ငါးဦးအထိ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဟာ   ပုံမှန်လူနာထက်ကိုင်တွယ်ရ၊  မှန်းဆရ၊ ကုသရမတူတာလေးတွေရှိပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ နှစ်ခုစလုံးဖြစ်စေ တစ်ခုခုဖြစ်စေ တက်နေပြီဆိုရင် သွေးတိုးရောဂါဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း ဒီသဘောပါပဲ။ ကိုယ်ဝန်မဆောင်စဉ်၊ လနုစဉ်များ ဆရာဝန်တစ်ဦးဦးထံမှာ ဒေသန္တရ၊  ကျေးလက်ဆေးခန်းမှာ ဗိုက်အပ်ဖို့ပြင်ရင်းသွေးပေါင်ချိန်၊ ကလေးနှလုံးခုန်သံ၊ ကိုယ်အလေးချိန်မှန်မှန်ချိန်ဖို့ လိုအပ်လှပါတယ်။

နှလုံးတစ်ချက်ခုန်တိုင်း နှလုံးကထုတ်လွှတ်ပေးတဲ့ ထုထည်အားနဲ့   သွေးဖိအားအမြင့်ဆုံးရောက်ရှိ ပြီး  နှလုံး<ကက်သားလျော့နေချိန်မှာ အနိမ့်ဆုံး(အောက်) ရောက်ရှိသွားတယ်။ သွေးပေါင်ချိန် (၁၄၀/၉၀) မီလီမီတာ ပြဒါးထက်ပိုတဲ့ ဘယ်အခြေအနေကိုမဆို သွေးတိုးလို့သတ်မှတ်နိုင်တယ်။ နေထိုင်စားသောက်မှုနဲ့ဆိုင်ပြီး ၁၀ ရာခိုင်နှုန်းက မျိုးရိုး သို့မဟုတ်  ကိုယ်ဝန်ရှိလို့ဖြစ်နိုင်ပါတယ်။ စားသင့်တဲ့အစား အစာအနေနဲ့ သွေးကြောကျဉ်းတာ ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသော အစာဖြစ်တဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် စားသုံးသင့်သလို  အဆန်အခွံမာသီးအစေ့တွေက  ဗီတာမင်အီးကြွယ်ဝတယ်။  အဆီများတဲ့ငါး၊ ပင်လယ်ငါးစားပေးရမယ်။ဆယ်လမွန်၊ တူနာမက်ကာရယ်၊ ဆာဒင်းနဲ့ ပင်လယ်ငါးတွေမှာ အိုမီဂါ(၃) ရက်တီအက်စစ်ပါဝင်လို့ သွေးတိုးရောဂါသက်သာစေတယ်။  သွေးဖိအားလျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက  မကောင်းတဲ့ ကိုလက်စထရောကို သန့်စင်ပေးတယ်။ သွေးခဲစေမယ့် အလားအလာကိုလည်း လျှော့ချပေးပါတယ်။

အကောင်းဆုံး၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ကွေကာ၊ ခေါက်ဆွဲခြောက်၊ ထမင်းနဲ့ ပေါင်မုန့်ပုံမှန် စားပေးရမယ်။ အပျော့စားအဆီများတဲ့၊ အသားမလိုင်ပါတဲ့နွားနို့၊ နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်နဲ့ မာဂျရင်လျှော့စားရမယ်။

အကြံပြုချက်။ ချက်ပြုတ်ရာမှာဖြစ်ဖြစ်၊ စားသောက်ရာမှာဖြစ်ဖြစ်   အစားအစာထဲကိုဆား၊ ငံပြာရည် ထပ်ထည့်မစားသင့်ပါဘူး။  ဆားပါတဲ့ အငန်ကဲတဲ့ အစားအသောက်နဲ့မုန့်တွေကို   အတတ်နိုင်ဆုံး လျှော့စားရမယ်။ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲအူချောင်း၊ ဝက်ပေါင်ခြောက်၊  ဝက်ဆားနယ်ခြောက်၊ အာလူးချောင်းကြော်၊ ဆားထည့်ထားတဲ့ အခွံမာသီးတွေ လျှော့စားရမယ်။ ပြုပြင်စီမံထားတဲ့စွပ်ပြုတ်၊ ဆားစိမ်တဲ့ငါးပိ၊   ငါးခြောက်တွေမှာဆား ပါဝင်မှုများတဲ့ အတွက် ဆင်ခြင်သင့်ပါတယ်။

ပိုတက်စီယမ်သတ္တုဓာတ်ကြွယ်တဲ့ ငှက်ပျောသီးဖီးကြမ်း တစ်နေ့သုံးလုံး စားပေးသင့်ပါတယ်။ အမျှင်ဓာတ်လည်းပိုများလို့ ဝမ်းမှန်စေတဲ့အပြင် ပိုတက်စီယမ်ပါလို့ သွေးဖိအားကို ထိန်းညှိပေးပါသည်။

ယင်းအစားအစာတွေဟာ ခန္ဓာကိုယ်ထဲကဆားဓာတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။  သွေးဖိအားဟာ ရံဖန်ရံခါ ပုံမှန်ဖြစ်သွားပေမယ့် ဆေးဝါးပုံမှန်သောက်ဖို့ အစာရှောင်ဖို့ လိုအပ်မှာပဲဖြစ်တယ်။ အိပ်ချိန်မှန်ဖို့ နေ့လယ် တစ်ရေးအိပ်ဖို့လိုပါတယ်။ ။

ဒေါက်တာလွင်သန့်