ငြိမ်းချမ်းရေးအလှမ်းမဝေးတော့ပါ

ငြိမ်းချမ်းရေးအလှမ်းမဝေးတော့ပါ

"တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမယ်" ဆိုသောစကားသည် စိတ်ဆန္ဒကြီးမားလျှင် ရည်မှန်းချက်  သို့ပေါက်ရောက်အောင်မြင်မည် ဖြစ်ကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉ )ရပ်တွင် "တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်းအလေးထားလုပ်ဆောင်ရေး”ဟူသော ဦးတည်ချက်တစ်ရပ်ရှိသည်။ ထိုဦးတည်ချက်အတိုင်းအောင်မြင်အောင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ် သတ်မှတ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)၊မေလ ၂၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ မေလ ၂၆ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး၊   ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊မေလ ၃၀ ရက်နေ့တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ဇွန်လ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၊ ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဇွန်လ ၁၆ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ ဇွန်လ ၁၉ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ဇူလိုင်လ ၇ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ သြဂုတ်လ ၄ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အား နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ခဲ့ပြီးဖြစ်သည်။

အထက်ပါအဖွဲ့များသည်မိမိတို့၏ နေရပ်မှထွက်ခွာလာရာတွင် လည်းကောင်း၊ နေပြည်တော်သို့  ရောက်ရှိလာချိန်တွင်လည်းကောင်း၊ နေပြည်တော်မှပြန်လည်ထွက်ခွာချိန်တွင်လည်းကောင်း “ထာဝရ ငြိမ်းချမ်းရေးကိုရရှိရေးသည် ည်သူတစ်ရပ်လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ဆန္ဒအမှန်ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့တွေ့ဆုံဆွေးနွေးကြပါစို့။ တိုင်းရင်းသား တွေစည်းလုံးမှ   ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ” စသည့်  စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊   နိုင်ငံတော်အလံငယ်များကို ကိုင်ဆောင်၍ လည်းကောင်းကြိုဆိုခဲ့သည်မှာ  ငြိမ်းချမ်းရေးကို အထူးလိုလား ကြောင်း၊ ငြိမ်းချမ်းရေးအောင်မြင်စေကြောင်းပြသခြင်းဖြစ်သည်။

သြဂုတ် ၄ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ ဆွေးနွေးရာတွင်  ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အတွက်   ခေတ်အဆက်ဆက်ကြိုးပမ်း ဆောင်ရွက်ခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး တပ်မတော်မှကြိုးပမ်း ဆောင်ရွက်ပေး ခဲ့သည့်အခြေအနေများ၊  ဒီမိုကရေစီစနစ်တွင် လွတ်လပ်စွာတွေးခေါ်ပြောဆိုပိုင်ခွင့်၊  လုပ်ပိုင်ခွင့်များနှင့်လိုအပ်ချက်များ ကိုပြောဆိုနိုင်သည်ဖြစ်သော်လည်း  ဥပဒေနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်သာ ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်သည့်အခြေအနေများ၊ ဒီမိုကရေစီ စနစ်တွင်  လွှတ်တော်သည်နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏အခွင့်အရေးများကို တရားဥပဒေနှင့်အညီတောင်းဆိုနိုင်ရေးအတွက်  နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဖြစ်သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏တောင်းဆိုချက်များ၊  ဒေသနှင့်တိုင်းပြည် အတွက်အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ ကိုပွင့်လင်းစွာဖြင့် အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်

ဖြင့်ဆွေးနွေးဆောင်ရွက်သွားကြရန် လိုသည့်အခြေအနေများ၊ ပြည်သူလူထု ဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့်အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေး  တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးနိုင်ရေးဖိတ်ခေါ်ပေးခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပြီး ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများတွင်တက်ကြွစွာဖြင့် ဆက်လက်ပါဝင် သွားမည်ဖြစ်သည့်အခြေအနေများ၊  တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့်အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးကို  ဖော်ဆောင်သွားနိုင်မည်ဖြစ်သည့် အခြေအနေများ စသည်ဖြင့်ပြန်လည်ဆွေးနွေးပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကိုတင်ပြသည်။  တပ်မတော် သည် တိုင်းပြည်ကိုထိန်းသိမ်းစောင့်ရှောက်သူ (Guardian)အဖြစ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။  

တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့်ဖက်ဒရယ် အခွင့်အရေးကိုရရှိရန်အတွက်  တရားဥပဒေနှင့် အညီ၊ စည်းကမ်းနှင့်အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ သို့မှသာ ပြည်သူတို့မျှော်လင့်တောင့်တနေသော ထာဝရငြိမ်းချမ်းရေး ရရှိမည်ဟု မြဝတီကယုံကြည်ပါကြောင်း။   ။