ဘာစီလိုနာအသင်းသည် အသင်းမှထွက်ခွာရန် ငြင်းဆန်နေသည့် ဒီဂျောင်းကို အသင်းပြောင်းရွှေ့ ကစားရန် သို့မဟုတ် လုပ်ခလစာလျှော့ယူရန် ငြင်းဆန်ပါက တရားရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း သိရသည်။
ဒီဂျောင်းသည် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကျန်ရှိနေကာ ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံနေသည့်အတွက် ဒီဂျောင်းကို ရောင်းချလိုပြီး မန်ယူအသင်းနှင့် ပြောင်းရွှေ့ကြေးပါ ညှိနှိုင်းမှုအဆင်ပြေပြီးသား ဖြစ်သော်လည်း ဒီဂျောင်းကိုယ်တိုင်က ချန်ပီယံလိဂ်ဝင်ခွင့် မရှိသော မန်ယူအသင်းသို့ မပြောင်းရွှေ့လိုသည့်အတွက် အသင်းမှထွက်ခွာရန် ငြင်းဆန်ထားသည်။
ဘာစီလိုနာအသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် လီဝန်ဒေါစကီး၊ ကက်ဆီ၊ ခရစ္စတန်ဆန်၊ ရာဖင်ဟာ၊ ခွန်ဒေး စသည့်ကစား သမားများကို ခေါ်ယူထားသော်လည်း အသင်းဘဏ္ဍာ ရေးအခြေအနေကြောင့် လီဝန်ဒေါစကီး၊ ရာဖင်ဟာနှင့် ခွန်ဒေးတို့ကို စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးသည့်အတွက် အသင်းမှကစားသမားတချို့ကို ရောင်းချရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းက အစောပိုင်းကတည်းက ဒီဂျောင်းကို ရောင်းချရန် ပြင်ဆင်ထားပြီး မန်ယူအသင်း နှင့် ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းဖြင့် သဘောတူညီမှုရရှိထားသော်လည်း ဒီဂျောင်းကိုယ်တိုင်က ငြင်းဆန်ထားခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းက ဒီဂျောင်းကို အသင်းမပြောင်းရွှေ့ပါက အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ပေးမည့်အပြင် အသင်းခံစစ်ပိုင်းတွင်သာ ကစားစေမည်ဟု သတ်မှတ်ခဲ့ပြီး ယခုအခါတွင်လည်း ၎င်းနှင့်စာချုပ်ချုပ်ဆိုခဲ့စဉ်က တရားမဝင်စာချုပ်ပါ အချက်အလက်များ ရှိနေသည်ဟုစွပ်စွဲပြီး အသင်းမပြောင်းရွှေ့ခဲ့ပါက စာချုပ်ပါအချက်အလက်များအတိုင်း တရားရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref;Marca