လိုက်ပဇစ်အသင်းက မန်ယူအသင်းခေါ်ယူရန် စီစဉ်နေသည့် လူငယ်တိုက်စစ်ကစားသမား ဆက်စ်ကို အားခေါ်ယူရန် သဘောတူညီမှုရရှိ ခဲ့ကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဆက်စ်ကိုသည် ပြီးခဲ့သည့်ဘောလုံးရာသီကတည်းက ဆဲလ်ဘတ်အသင်းနှင့် ခြေစွမ်းပြနိုင်သူဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ဆဲလ်ဘတ် အသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင်လည်း ခြေစွမ်းပြနိုင်ပြီးနောက် မန်ယူအသင်းက ခေါ်ယူရန်စီစဉ်ခြင်း ဖြစ်သည်။
မန်ယူအသင်းက ဆက်စ်ကိုအား တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆဲလ်ဘတ်အသင်းက ကမ်းလှမ်းမှုများကို ပယ်ချပြီးနောက် အသင်းပိုင်ရှင် တူအသင်းဖြစ်သည့် လိုက်ပဇစ်အသင်းသို့သာ ရောင်းချ ခဲ့ပြီး လိုက်ပဇစ်အသင်းတွင် ထိပ်တန်းကစားသမား တစ်ဦးဖြစ်ပါက စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် ဖြင့်ရောင်းချရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ဆက်စ်ကိုအနေဖြင့် လိုက်ပဇစ်အသင်းသို့ ပြောင်း ရွှေ့ကစားရန် သဘောတူညီမှုရရှိခဲ့သော်လည်း အသေးစိတ်ကိုဖော်ပြခြင်း မရှိသေးဘဲ မကြာမီ အပြီးသတ်စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။ သို့သော် လိုက်ပဇစ် အသင်းတွင်ကစားဦးမည် မဟုတ်ဘဲ ဆဲလ်ဘတ်အသင်း တွင် တစ်ရာသီကစားပြီးမှသာ လာမည့်ဘောလုံးရာသီမှ လိုက်ပဇစ်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရသည်။
Ref;Fabrizio Romano