မြဝတီ-မဲဆောက် ကုန်သွယ်ရေးအတွက် မြန်မာ၊ ထိုင်းနှစ်နိုင်ငံ BCF ဇုန်များအထိသာ ကုန်တင်ကားများ သွားလာခွင့်ပြု

ရန်ကုန် အောက်တိုဘာ ၁၂

မြဝတီ-မဲဆောက်ကုန်သွယ်ရေးအတွက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်()မှတစ်ဆင့် ကုန်တင်ကားများ     နှစ်နိုင်ငံဖြတ်သန်းခွင့်ပြုထားသော်လည်း ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ရေးအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ဝင်/ထွက်ခွင့်မပြုတော့ဘဲ နှစ်ဖက်  BCF   ဇုန်အထိသာ ကုန်တင်ကားများသွားလာ ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါ နှစ်ဖက် BCF ဇုန်များတွင်  ကုန်တင်ကားများ  ရပ်တန့်ကာ   ကုန်ပစ္စည်းသယ်ယူခြင်းအား အောက်တိုဘာ ၁၁ ရက်က စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြဝတီနှင့်မဲဆောက်တွင် ကိုဗစ်ရောဂါရှိသူများတွေ့ရှိခဲ့ပြီး ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက်  ထိုင်းဘက်မှ စတင်ဆောင်ရွက်ခဲ့သည့်အတွက်  နှစ်ဖက်ကုန်တင်ယာဉ်များ BCF ဇုန်အထိသာ  သွားလာခွင့်ရရှိပြီး ယင်းဇုန်ဝင်းအတွင်း၌  ကုန်ပစ္စည်းများ လဲလှယ်ဆောင်ရွက်ကြရခြင်းဖြစ်သည်။

မြန်မာဘက်က ကားသမားတွေ  မနေ့က နေစပြီး မဲဆောက်ဘက်ကို သွားလို့မရတော့ပါဘူး။  ထိုင်းဘက်က အဲ့ဒီလိုလုပ်ဆောင်တဲ့အတွက် ကုန်သွယ်မှု မပြတ်တောက်ပေမယ့်  ကုန်ပစ္စည်းလဲလှယ်တဲ့ နေရာမှာ အလုပ်သမားတွေ ပိုသုံးရတာတွေရှိလာတယ်။  ကုန်သွယ်မှုလျော့ကျပြီး ကုန်ကျစရိတ်များပြားတာတွေ ဖြစ်လာနိုင်တယ်။ BCF ဇုန်မှာ ပစ္စည်းတစ်ခါလဲပြီးရင် BCF ဇုန်ကနေတစ်ဆင့်  ဂိုဒေါင်တွေဆီ ပြန်သယ်ယူရတာဖြစ်ပါတယ်။ တချို့ကုန်ပစ္စည်းတွေကို  ကရိန်းကားတွေနဲ့ ရွှေ့ပြောင်းနိုင်ပေမယ့်  တချို့ပစ္စည်းတွေကျ ပြန်တော့လည်း အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းကြရတာဖြစ်တဲ့အတွက်   အချိန်လည်းကြာ ကုန်ကျစရိတ်လည်း  ပိုများတာတွေ ဖြစ်လာတယ်”  ဟု  မြဝတီခရိုင်  အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

BCF(Border Control Facilities) ဇုန်တွင် ကုန်တင်ကားများရပ်တန့်ကာ ကုန်ပစ္စည်းများအား  အလုပ်သမားများဖြင့် သယ်ယူရသည့်အတွက် အချိန်ကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များပြားကာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ယခင်ကုန်တင်ယာဉ်အစီး ၃၀၀ နှင့် ၅၀၀ ကြား အဝင်အထွက်သွားလာမှုရှိသော်လည်း အောက်တိုဘာ ၁၁ ရက်တွင် ကုန်တင်ယာဉ်အဝင်အထွက် အစီး ၃၀ ခန့်သာရှိခဲ့ရာ ပုံမှန်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံမှ  ဈေးဝယ်သွားသူများနှင့် ကုန်ကားမောင်းသူအချို့တွင် ကိုဗစ်ပိုးတွေ့ရှိ ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် မြဝတီဘက်မှ ဝင်လာသည့်   ကုန်တင်ကား များအား သတ်မှတ်နေရာတွင်သာ ရပ်နား စေရန် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဆွတ်ပီမီတာပါအိုရစ်က အကြောင်း ကြားခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားများအား မဲဆောက်မြို့တွင်း ဝင်ခွင့်မပြုရန် သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     

 ဝန်းရံခ