ဆီအုန်းသီးဈေးနှုန်း ကောင်းမွန်လာခြင်းကြောင့် တစ်နိုင်တစ်ပိုင် ဆီအုန်းခြံ စိုက်ပျိုးသူပိုများလာ

ဆီအုန်းသီးဈေးနှုန်း ကောင်းမွန်လာခြင်းကြောင့် တစ်နိုင်တစ်ပိုင် ဆီအုန်းခြံ စိုက်ပျိုးသူပိုများလာ

တနင်္သာရီတိုင်းဒေသကြီး   ကရသူရိမြို့၌ ယခုနှစ် ရာသီတွင် ဆီအုန်းသီးဈေးနှုန်း ကောင်းမွန်လာ၍  တစ်နိုင်တစ်ပိုင် ဆီအုန်းပင်ကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ဆီကြမ်း ထုတ်လုပ်နိုင်သည့် စက်ရုံများမှ ဆီအုန်းသီးများ ဈေးကောင်းပေးဝယ်ယူနေမှုနှင့် ပတ်သက်ပြီး“ယခုနှစ်ဆီအုန်းသီးတန်ချိန်ဈေး ပိုကောင်းလာတယ်။ ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် ဆီအုန်းခြံ စတည်တော့မည်ဆိုရင်  နီးစပ်ရာ ကုမ္ပဏီဆီက အရင်ဦးဆုံး ပျိုးပင်ဝယ်ယူရတယ်။  ဆီအုန်းကို  တစ်ပင်နှင့်တစ်ပင်  ၂၄  ပေ အကွာစိုက်ပျိုးရတဲ့အတွက် မြေအကျယ်အဝန်းတော့ လိုတယ်။ စားဆီဈေးနှုန်းတွေ တက်လာနေလို့လား မသိဘူး ဆီအုန်းတန်ချိန် ဈေးကောင်းရလာတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသူတွေက အဆင်ပြေပါတယ်”ဟု ဆီအုန်းခြံ စိုက်ပျိုးထားသူ တစ်ဦးကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးသူ များလာပြီး ထွက်ရှိသည့် အသီးကို တောင်ဒဂုံဆီအုန်း ကုမ္ပဏီသို့ အများဆုံး တင်ပို့ ရောင်းချလျက်ရှိကြောင်း  သိရသည်။