ရင်ဆိုင်ခဲ့ဖူးသည့် ကစားသမားများနှင့် မတူညီကြောင်း စိန်ခေါ်သူ ဒီရစ်ဒါကို အောင်လအန်ဆန် သတိပေးစကားဆို

ရန်ကုန်၊ MMA

လာမည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ယှဉ်ပြိုင်ရမည့် စိန်ခေါ်သူနယ်သာလန် ကစားသမား ဒီရစ်ဒါကို ယခင်က ရင်ဆိုင်ခဲ့ဖူးသည့် ကစားသမားများနှင့် မတူညီကြောင်း ပြသ သွားမည်ဟု MMA One Championship ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က သတိပေး စကား ပြောကြားသည်။

အောင်လအန်ဆန်နှင့် ဒီရစ်ဒါတို့သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် အောက်တိုဘာ ၃၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ပရိသတ်မပါဘဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒီရစ်ဒါသည် ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပခဲ့သည့် မစ်ဒယ် ဝိတ်တန်းစိန်ခေါ်ပွဲတွင် ဘရာဇီးကစားသမား အက်တီဒက်စ်ကို အနိုင်ရရှိပြီးနောက် အောင်လအန် ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို  စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဒီရစ်ဒါသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၂ ပွဲကစား၊ ၁၂ ပွဲစလုံးအနိုင်ရကာ ရှုံးပွဲမရှိစံချိန်တင်ထား သူဖြစ်သည်။

“ဒီရစ်ဒါက ဂျူဂျစ်ဆုမှာ ထူးချွန်တဲ့သူပါ။ သူက One Championship ရဲ့ နာမည်ကြီး ကစားသမား တွေကို အနိုင်ရထားတယ်။ သူနဲ့ ဂယ်ဘာတိုပွဲမှာ ခက်ခဲမယ်ထင်ပေမယ့် အနိုင်ရခဲ့ တယ်။ ဂျူဂျစ်ဆု ကစားသမားဖြစ်တဲ့ လီအန်ဒရိုကိုလည်း အနိုင်ရခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်တော် လေးစားပါ တယ်။ သူက ရှုံးပွဲမရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်က သူရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေနဲ့မတူဘူး။ ဒီပွဲအတွက် သေချာပြင်ဆင်မှု လုပ်ထားတယ်။ ဒီပွဲမှာ ကျွန်တော်ရဲ့ အကောင်းဆုံးပုံစံကို တွေ့ရ မယ်လို့ ကတိပေးပါတယ်” ဟု အောင်လအန်ဆန်ကပြောသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Sanford MMA စင်တာ၌ လေ့ကျင့်ပြင်ဆင်နေကြောင်း သိရသည်။                

ကိုရဲ