ပဲရစ်၊ တင်းနစ်
ပဲရစ်မြို့၌ အောက်တိုဘာ ၁၁ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ပြင်သစ်အိုးပင်း ဂရင်းဆလင်းတင်း နစ်ပြိုင်ပွဲ၏ အမျိုးသား တစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးနာဒယ်သည် လက်ရှိ ကမ္ဘာ့အဆင့် (၁) ဆားဘီးယား တင်းနစ်ကစားသမားဂျိုကိုဗစ်ချ်ကို သုံးပွဲပြတ်အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ပြီး ကစားသမားဘဝတစ်လျှောက် (၁၃)ကြိမ်မြောက်အဖြစ် ပြင်သစ်အိုးပင်း ချန်ပီယံဆု ဆွတ်ခူးကာ ပြိုင်ဘက်ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါးရား၏ ဂရင်းဆလင်း ချန်ပီယံဆု ပေါင်းအကြိမ် ၂၀ ရခဲ့သည့် စံချိန်ကို လိုက်မီသွားခဲ့သည်။
မြေစေးကွင်းတွင်ကစားရသည့် ပြင်သစ်အိုးပင်းပွဲတွင် နာဒယ်သည် မြေစေးကွင်းဘုရင်ဟု တင်စားခံ ရသည့်အတိုင်း ပြင်သစ်အိုးပင်းဗိုလ်လုပွဲသို့ (၁၃) ကြိမ်တက်လှမ်းခဲ့ဖူးရာ ၁၃ ကြိမ်စလုံး အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတွင် နာဒယ်သည် အသာစီးဖြင့်ကစားကာ ပွဲကစားချိန် နှစ်နာရီနှင့် ၄၁ မိနစ်အတွင်း အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
မိမိ၏စံချိန်ကို နာဒယ်လိုက်မီသွားခြင်းနှင့် ပတ်သက်၍ ဖက်ဒါးရားက “နာဒယ်ကို သူငယ်ချင်းအဖြစ် ရော ပြိုင်ဘက်အဖြစ်ပါ လေးစားခဲ့တယ်” ဟု ပြောသည်။
Ref:Dailymail