ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဆက်လက်ကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော် သြဂုတ် ၁၃

ပြည်နယ်နှင့်   တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒို အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍   ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲကို ယနေ့မွန်းတည့်၁၂ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဗ) ၌ ဆက်လက်ကျင်းပသည်။

ယနေ့ဂျူဒိုပြိုင်ပွဲ   ပွဲစဉ်များအဖြစ် အမျိုးသား (-၄၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို   ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို     ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်မင်းမြတ်ဦး၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ ဂျူနီယာခေါင်လွမ်း၊ တတိယဆုကို   ရှမ်းပြည်နယ်အသင်းမှ မောင်ဉာဏ်လင်းထက်နှင့်  ပူးတွဲတတိယဆုကို  ဧရာဝတီတိုင်းဒေသကြီး အသင်းမှ မောင်ပြည့်စွမ်းကိုတို့က လည်းကောင်း၊ အမျိုးသား(-၄၅)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး    ဗိုလ်လုပွဲ ပွဲစဉ်များကို  ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ    ပထမဆုကို   ကချင်ပြည်နယ် အသင်းမှ  မောင်အောင်ကို၊  ဒုတိယဆုကိုရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်ဝင်းသိန်းထွန်း၊ တတိယဆုကို ရှမ်းပြည်နယ် အသင်းမှ မောင်အလင်းရောင်နှင့် ပူးတွဲတတိယဆုကို   ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မောင်သက်ပိုင်ကိုတို့ကလည်းကောင်း၊ အမျိုးသား(-၅၀)ကီလိုတန်း ရှုံးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မောင်ခိုင်စိုးသူ၊ ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မောင်ကျော်ဝင်းထွဋ်၊ တတိယဆုကို ရခိုင်ပြည်နယ်အသင်းမှ မောင်စိုးမိုးကျော်နှင့် ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ   မောင်တိုးတက်အောင်တို့က လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

ထို့ပြင် အမျိုးသမီး (-၃၆) ကီလိုတန်း ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို တနင်္သာရီတိုင်း ဒေသကြီးအသင်းမှ  မဇင်မာနွေး၊  ဒုတိယဆုကို ကချင်ပြည်နယ်အသင်းမှ မခင်ခင်ထွေး၊ တတိယဆုကို  မွန်ပြည်နယ်အသင်းမှ မယမင်းရူပါမွန်နှင့်  ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီး အသင်းမှ မဖြိုးသက်ခိုင်တို့ကလည်းကောင်း၊အမျိုးသမီး(-၃၉)ကီလိုတန်း ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မအိအိသဇင်ဇော်၊ ဒုတိယဆုကို တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မမေသဉ္စာဦး၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီး အသင်းမှ မနန်းပပဇင်နှင့် ပူးတွဲတတိယဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မခင်သူသူလင်းတို့က လည်းကောင်း၊ အမျိုးသမီး(-၄၂) ကီလိုတန်း ဗိုလ်လုပွဲပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမဆုကို ကချင်ပြည်နယ်အသင်းမှ မဆောင်ယုံ၊ ဒုတိယဆုကိုဧရာဝတီတိုင်းဒေသကြီးအသင်းမှ မထက်ထက်လင်း၊ တတိယဆုကို    ရခိုင်ပြည်နယ်အသင်းမှ မဇင်ဇင်ဇော်နှင့်ပူးတွဲတတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ မနှင်းဝေဦးတို့ကလည်းကောင်း အသီးသီးအနိုင်ရရှိသည်။

 အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊     တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။                     

 ကျော်လွင်