ဘာစီလိုနာအသင်းက ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ရန် အသင်းစတူဒီယိုပိုင်ဆိုင်မှုမှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို ယူရို သန်း ၁၀၀ ဖြင့်ရောင်းချ

ဘာစီလိုနာအသင်းက ကစားသမားသစ်များကို မှတ်ပုံတင်နိုင်ရန် အသင်းစတူဒီယိုပိုင်ဆိုင်မှုမှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို ယူရို သန်း ၁၀၀ ဖြင့်ရောင်းချ

ဘာစီလိုနာအသင်းက    လက်ရှိကစားသမား အပြောင်းအရွှေ့ကာလအတွင်း  ခေါ်ယူထားသည့် ကစားသမားသစ်များကို  မှတ်ပုံတင်နိုင်ရန်  အသင်း စတူဒီယိုပိုင်ဆိုင်မှုမှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို ယူရို သန်း ၁၀၀ ဖြင့်ရောင်းချပြီး အသင်းဘဏ္ဍာရေးအကျပ် အတည်းကို ဖြေရှင်းခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီ ကတည်းက   အသင်းဘဏ္ဍာရေးအကျပ်အတည်း တွေ့ကြုံနေရသည့်အတွက် အစောပိုင်းက အသင်း ဂျာစီရင်ဘတ်စပွန်ဆာသစ်၊ ကွင်းအမည်ရောင်းချမှု စသည်တို့ကိုပြုလုပ်ခဲ့ပြီး ယူရို သန်း ၆၀၀ ကျော်ရရှိခဲ့ သော်လည်း    လက်ရှိကစားသမားအပြောင်းအရွှေ့ ကာလအတွင်း ခေါ်ယူထားသည့် ကစားသမားသစ်များကို    ကစားသမားမှတ်ပုံတင် စာရင်းတင်သွင်းရန်  ဘဏ္ဍာရေးစည်းမျဉ်းနှင့် မကိုက်ညီသေးခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသည်  အသစ်ခေါ်ယူထားသည့် ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီး၊ လိဒ် အသင်းမှ ရာဖင်ဟာ၊ အေစီမီလန် အသင်းမှ ကက်ဆီ၊ ချယ်လ်ဆီးအသင်းမှ  ခရစ္စတန်ဆန်၊   ဆီဗီလာအသင်းမှ  ခွန်ဒေးတို့ကို  ကစားသမားမှတ်ပုံတင်စာရင်းတင်သွင်းနိုင်ရန် အခက်ကြုံနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဘာစီလိုနာအသင်းကစားသမားသစ် များကို ကစားသမားမှတ်ပုံတင်စာရင်းတင်သွင်းနိုင် ရန် Orpheus Media ထံ အသင်းစတူဒီယိုပိုင်ဆိုင် မှုမှ ၂၄ ဒသမ ၅ ရာခိုင်နှုန်းကို ယူရို သန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်း   အဓိက ဝါရင့်ခံစစ်ကစားသမား  ပီကေးကလည်း  လုပ်ခလစာလျှော့ယူမည်ဖြစ်သည့်အပြင် ယခုအခါ အသင်းစတူဒီယိုပိုင်ဆိုင်မှုမှ  ရာခိုင်နှုန်းတချို့ရောင်းချပြီးနောက်  အသစ်ခေါ်ယူထားသည့် ကစားသမား များကို ကစားသမား မှတ်ပုံတင်စာရင်းတင်သွင်းနိုင်ရန်     ပြင်ဆင်နေ ကြောင်း သိရသည်။          

Ref;Dailymail