၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန် သုံးလအလိုတွင် မော်ရိုကိုနိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြဟာလီဟိုဗစ်ကို နည်းပြရာထူးမှထုတ်ပယ်
မော်ရိုကိုနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲကျင်းပရန် သုံးလအလိုတွင် မော်ရိုကို အသင်းနည်းပြ ဟာလီဟိုဗစ်ကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
မော်ရိုကိုအသင်းနည်းပြ ဟာလီဟိုဗစ်သည် မော် ရိုကိုအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သော်လည်း ပြိုင်ပွဲပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မော်ရိုကိုနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြဟာလီဟိုဗစ်တို့ကြား သဘောထားကွဲလွဲမှုများ ရှိနေသည့်အတွက် မော်ရိုကို နိုင်ငံဘောလုံး အဖွဲ့ချုပ်က စာချုပ်ဖျက်သိမ်းကာ ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၆၉ နှစ်အရွယ် နည်းပြဟာလီဟိုဗစ်သည် ၂၀၁၉ ခုနှစ်က မော်ရိုကိုအသင်းနည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကင်မရွန်းနိုင်ငံ၌ ကျင်းပ ခဲ့သည့် အာဖရိကဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သကဲ့သို့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း မော်ရိုကိုနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆက်ဆံရေးမပြေလည်မှု ကြောင့် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
နည်းပြဟာလီဟိုဗစ် ရာထူးမှထုတ်ပယ်ခံခဲ့ရသည့်အတွက် မော်ရိုကိုအသင်းကစားသမားဘဝမှ အနားယူ ထားသည့် ဇီယက်ကလည်း အသင်းအတွက်ပြန်လည် ကစားပေးဖွယ်ရှိကြောင်း သိရသည်။
Ref;Goal.com