လန်ဒန်၊ ဘောလုံး
အာဆင်နယ်အသင်းမှ ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ကို ဆော်ဒီကလပ် အယ်လ်နက်ဆာ အသင်းက ပြောင်းရွှေ့ကြေးပေါင် ငါးသန်းဖြင့် ကမ်းလှမ်းလာခြင်းကို အာဆင်နယ်အသင်းက သဘောတူပြီး ရောင်းထုတ်လိုသော်လည်း ကစားသမားဘက်မှ အာရှတွင်သွားရောက် ကစားလိုခြင်း မရှိသကဲ့သို့ အာဆင်နယ်တွင် ပျော်ရွှင်နေဆဲဖြစ်သည်ဟုဆိုကာ ပယ်ချလိုက်သည်။ အိုဇေးလ်သည် အာဆင်နယ်တွင် တစ်ပတ်လစာ အများဆုံးအဖြစ် ပေါင် ၃၅၀၀၀၀ ရရှိနေပြီး နည်းပြ အာတီတာက ယူရိုပါလိဂ်ကစားသမား ၂၅ ဦးစာရင်းတွင်လည်း ချန်လှပ်ခဲ့သည်။
ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ဆော်ဒီကလပ် အယ်လ်နက်ဆာ၏ ကမ်းလှမ်းမှုကို ဝမ်းပန်းတသာ လက်ခံလိုသော်လည်း အိုဇေးလ်က နောက်နှစ်နွေရာသီကာလ စာချုပ်ကုန်သည်အထိ အသင်းတွင် ဆက်နေထိုင်လိုပြီး အာရှတွင်လည်း သွားမကစားလိုဟု တုံ့ပြန်ခဲ့၍ အခက်တွေ့ခဲ့ရ ကြောင်း သိရသည်။
Ref:Dailymail