လီဗာပူး၊ ဘောလုံး
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်း တွင် COVID-19 ရောဂါ ကူးစက်ခံရသော ကစားသမား လေးဦးအထိရှိလာပြီး နောက်ဆုံးကူးစက်ခံရသူမှာ ကွင်းလယ်ကစားသမား နာဘီကီတာဖြစ်ကြောင်း ဂျာနယ်လစ်အာရှာကိုမူဂီရှာ၏ ပြောဆိုချက်အရ သိရသည်။
လီဗာပူးအသင်းတွင် ကွင်းလယ်ကစားသမားသစ် သီယာဂို၊ ဆီနီဂေါတောင်ပံတိုက် စစ်ကစားသမား မာနေးနှင့် ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ရှာကွီယီတို့သုံးဦးတွင် COVID-19 ရောဂါကူးစက်ခံ ရပြီး ယခုလည်း နာဘီကီတာသည် နိုင်ငံတကာပွဲအဖြစ် ဂီနီအသင်းသို့ သွားကစားစဉ် COVID-19 ရောဂါကူးစက်ခံရခြင်းကြောင့် မဖြစ်မနေ Quarantine ဝင်ရမည်ဖြစ်၍ အောက်တိုဘာ ၁၇ ရက်ည အဲဗာတန်နှင့်ပွဲစဉ်၌ သေချာပေါက်လွဲချော်မည်ဖြစ်သည်။
မာနေးသည်လည်း သီယာဂိုနှင့်အတူ ပိုးတွေ့ရှိခဲ့ပြီး ဗီလာကို ၇ ဂိုး- ၂ ဂိုးဖြင့်ရှုံးသောပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ရှာကွီယီမှာ ပြီးခဲ့သည့်တစ်ပတ်က ပိုးတွေ့ရှိခဲ့ပြီး ရက်ပိုင်းမှာပင် ပိုးမရှိတော့၍ Quarantine ဆက်မဝင်ရတော့ဘဲ ဆွစ်ဇာလန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးခဲ့ ကြောင်း သိရသည်။
Ref:BBC