အော်စလို၊ ဘောလုံး
မန်ယူအသင်း၏ အဓိကပစ်မှတ် ဖြစ်ခဲ့သော်လည်း ဒေါ့မွန်အသင်းက လက်ဦးသွားခဲ့သော အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာလန်းသည် အောက်တိုဘာ ၁၁ ရက်ညက ရိုမေးနီးယားနှင့်ကစားခဲ့သည့် ယူအီးအက်ဖ်အေနေးရှင်း လိဂ်ပွဲစဉ်တွင် လေးဂိုးပြတ်အနိုင်ရခဲ့ရာ၌ ဟက်ထရစ်သွင်းနိုင်ခဲ့ရာ နိုင်ငံ လက်ရွေးစင်အသင်းအတွက် ပထမဆုံး ဟက်ထရစ် ဂိုးသွင်းနိုင်ခဲ့သည်။
ဟာလန်းသည် နော်ဝေအသင်းအတွက် ပထမဆုံးသုံးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခြင်းမရှိခဲ့သော်လည်း ယခုခြောက်ပွဲ ကစားပြီးနောက် ခြောက်ဂိုးအထိ သွင်းပေးနိုင်ခဲ့ပြီဖြစ်သည်။ ဟာလန်းသည် လက်ရှိ တွင် နိုင်ငံနှင့်ကလပ်အတွက် ၄၈ ပွဲတွင် ၅၁ ဂိုးအထိ သွင်းပေးထားနိုင်ခဲ့ပြီဖြစ်သည်။
Ref:BT