ဘာစီလိုနာအသင်းက ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်
ဘာစီလိုနာအသင်းက ချယ်လ်ဆီးအသင်းသို့ ရောင်းချရန်ပြင်ဆင်နေသည့် ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းက လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ် အသင်းမှ လီဝန်ဒေါစကီးကို ခေါ်ယူပြီးနောက် အူဘာမီယန်းကို ရောင်းချရန် ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးကိုလည်း ယူရို ၂၅ သန်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းကလည်း လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအတွင်း အသင်းတိုက်စစ်ပိုင်း မှ လူကာကူနှင့် တီမိုဝါနာတို့ကို လက်လွှတ်ခဲ့ရပြီးနောက် မန်စီးတီးအသင်းမှ စတာလင်းကို ခေါ်ယူခဲ့ပြီးဖြစ်သော်လည်း နောက်ထပ်တိုက်စစ် ကစားသမား တစ်ဦးကိုခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်း နည်းပြတူချယ်ကလည်း တစ်ချိန်က ဒေါ့မွန်အသင်းတွင် လက်တွဲခဲ့ဖူးသည့် အူဘာမီယန်းကို အသင်းထံ ခေါ်ယူလိုနေခြင်းဖြစ်သည်။
အူဘာမီယန်းသည် ပြီးခဲ့သည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက အာဆင်နယ် အသင်းနှင့် စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အသင်းတွင်ခြေစွမ်းပြနေပြီး စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးသော်လည်း ဘာစီလိုနာအသင်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းကြောင့် ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
Ref;Marca