ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု (Ballon d'Or Yashin Trophy )အတွက် ဆန်ခါတင် ကစားသမား ၁၀ ဦး စာရင်း ထုတ်ပြန်

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု (Ballon d'Or Yashin Trophy )အတွက် ဆန်ခါတင် ကစားသမား ၁၀ ဦး စာရင်း ထုတ်ပြန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် နာမည်ကြီးပြင်သစ်မဂ္ဂဇင်းတို့ ပူးပေါင်း  ရွေးချယ်ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု  (Ballon d'Or Yashin Trophy)အတွက် ဆန်ခါတင် ကစားသမား ၁၀ ဦးစာရင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု (Ballon d'Or Yashin Trophy) အတွက် ဆန်ခါတင် ကစားသမား  ၁၀  ဦးစာရင်းတွင်  ရီးယဲလ်မက်ဒရစ် အသင်းမှ ကော့တွိုက်၊ လီဗာပူးအသင်းမှ အလီဆန်ဘက်ကာ၊ ဆီဗီလာအသင်းမှ ဘိုနူ၊ အေစီမီလန်အသင်းမှ မိုက်မိုင်ဂန်း၊  မန်စီးတီးအသင်းမှ အီဒါဆင်၊ ချယ်လ်ဆီးအသင်းမှ မန်ဒီ၊ စပါးအသင်းမှ လိုရစ်၊ ဘိုင်ယန်မြူးနစ်အသင်းမှ နူအာ၊ ဖရန့်ဖတ်အသင်းမှ   ကီဗင်ထရက်နှင့်   အက်သလက်တီကို အသင်းမှ အော့ဘလက်တို့ ပါဝင်ခဲ့ကြသည်။

အဆိုပါဆန်ခါတင် ဂိုးသမား ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ လေးဦးအထိ အများဆုံးပါဝင်ခဲ့ပြီး စပိန်လာလီဂါမှလည်း သုံးဦးဖြင့် ဒုတိယမြောက် အများဆုံး ပါဝင်လာခဲ့သည်။

လက်ရှိ ဆန်ခါတင်ကစားသမား ၁၀ ဦးစာရင်းတွင်  ပါဝင်ခဲ့သည့်  ရီးယဲလ်မက်ဒရစ် အသင်းဂိုးသမား ကော့တွိုက်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဆုဖလားနှင့် စပိန်လာလီဂါဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုဖြစ်သည့် ရွှေဘောလုံးဆု အတွက် ဆန်ခါတင် ကစားသမားစာရင်းတွင်လည်း ပါဝင်နိုင်ခဲ့သည်။

လက်ရှိ ဆန်ခါတင်ဂိုးသမား ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သူများမှ   ရီးယဲလ်မက်ဒရစ် အသင်းမှ  ဂိုးသမား ကော့တွိုက်က    ပြိုင်ဘက် အသင်းကစားသမားများကို ကျော်ဖြတ်ပြီး ၂၀၂၂ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု (Ballon d'Or Yashin Trophy)အတွက် ထိပ်ဆုံးမှ ရေပန်းစားလျက် ရှိကြောင်း သိရသည်။