ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ အလှူငွေများ လှူဒါန်း

ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ အလှူငွေများ လှူဒါန်း

 

နေပြည်တော်၊ ဩဂုတ် -၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ် တို့အတွင်း ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်း ရေများမြင့်တက်မှုကြောင့် အဆိုပါမြို့များရှိ ရပ်ကွက်များ၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ နေအိမ်များ၊ စာသင် ကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် လမ်းများပေါ်သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ယနေ့နံနက် ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် နယ်မြေခံတပ်မတော် သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ဘုန်းတော်ကြီး ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများနှင့် လမ်းများပေါ်၌ တင်ကျန်ခဲ့သော အမှိုက်များနှင့် နှုံးများ အား ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများအား စက်ယန္တရားကြီးများဖြင့် ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာချီလိတ်တပ်နယ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ကျိုင်းတုံမြို့ရှိ ဓမ္မရက္ခိတ သီလရှင်စာသင်တိုက်၊ မူလတန်းကြို ကျောင်းနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။