ရှရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့ တပ်မတော် ဝင်ရောက်ယှဉ်ပြိုင်၊ နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ရာတွင် အဆင့် ၈ နေရာရရှိ

ရှရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games)တွင် မြန်မာ့ တပ်မတော် ဝင်ရောက်ယှဉ်ပြိုင်၊ နိုင်ငံပေါင်း ၂၀ ယှဉ်ပြိုင်ရာတွင် အဆင့် ၈ နေရာရရှိ

 

နေပြည်တော်၊ ဩဂုတ် - ၁၅

 

 

ရှရှားဖက်ဒရေးရှင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ(3rd CISM World Cadet Games)တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လောင်းများသည် ပြိုင်ပွဲတွင်အားကစားအမျိုးအစား ၇ မျိုးရှိသည့် အနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိုင်ဖယ်သေနတ်ပစ်တစ်ဦးချင်း အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင်ပထမရွှေတံဆိပ်ဆု၊ ရိုင်ဖယ် သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု၊ ပစ္စတိုသေနတ်ပစ် တိကျပစ်ခတ်ခြင်း အသင်းလိုက် ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုနှင့် ပစ္စတိုသေနတ် ပစ်အသင်းလိုက် အမြန်ပစ်ခတ် ခြင်းပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆု အသီးသီးရရှိခဲ့ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့်အနက်တွင် နိုင်ငံအလိုက် အဆင့် ၈ နေရာ ရရှိခဲ့သည်။
အဆိုပါတတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစား ပြိုင်ပွဲ (3rd CISM World Cadet Games)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဗိုလ်လောင်း များနှင့် အုပ်ချုပ်သူနည်းပြအရာရှိများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။