အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၆

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဩဂုတ် ၁၅ ရက်တွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများ ကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဩဂုတ် ၁၅ ရက်မှ ၂၆ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။