အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ(AUG) ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် တက္ကသိုလ်၊ ဒီဂရီ ၊ ကောလိပ်များမှ အားကစားပြိုင်ပွဲဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ(AUG) ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် တက္ကသိုလ်၊ ဒီဂရီ ၊ ကောလိပ်များမှ အားကစားပြိုင်ပွဲဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်

နေပြည်တော်၊ ဩဂုတ် - ၁၆

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ(AUG) ပြိုင်ပွဲတွင် ဆုရရှိကြသူများ နှင့် တက္ကသိုလ်၊ ဒီဂရီ ၊ ကောလိပ်များမှ အားကစားပြိုင်ပွဲဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင် များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အောင်ပွဲရအားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်များ(AUG)ပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုအဖြစ် မန္တလေး တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဆုရရှိသူ အားကစားသမားများနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဖလား တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် အားကစားသများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

၎င်းနောက် အောင်ပွဲရအားကစားသမားများနှင့် တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများ ဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ အောင်ပွဲရအားကစားသမားများ၊ နည်းပြများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ကူးကြသည်။

အဆိုပါ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ(AUG)ပြိုင်ပွဲတွင် နိုင်ငံ့ ကိုယ်စားပြုအဖြစ် မန္တလေးတိုင်းဒေသကြီးရှိ တက္ကသိုလ်များမှ ဝူရှူးအားကစားနည်း တွင် ၂ ဦး၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် ၂ ဦး၊ မြှားပစ်အားကစားနည်းတွင် ၂ ဦး၊ စုစုပေါင်း ၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု ရရှိခဲ့ကြောင်း သတင်းရရှိသည်။