ကြယ်ပဲစေ့နှင့်ကျန်းမာရေး

ကြယ်ပဲစေ့နှင့်ကျန်းမာရေး

ကြယ်ပဲ (Sacha Inchi) ကို ဒေသခံအင်ကာ လူမျိုးများမှ Incha peanut သို့မဟုတ် Mountain peanut ဟုခေါ်သည်။ သိပ္ပံအမည်မှာ ဏူကုနညနအငေ သြူကဘငူငျ့ငညည ဖြစ်ပြီး နကစ့သမဘငခေနနေ (ခေါ်) ကြက်ဆူမျိုးရင်းဝင်ပင်ဖြစ်သည်။ နွယ်တက်သော ပင်စည်ဖြစ်ကာ နှလုံးပုံရှိပြီး အစိမ်းရင့်ရောင်နှင့် ထင်ရှားသော ရွက်ကြောမကြီးများရှိသည်။ ပန်းခိုင်မှာ စပိုက် ခေါ် ရိုးတံပေါ်တွင် အောက်ဆုံးတွင်ကတော့ ပုံစံ အမပွင့်တစ်ပွင့်သာရှိပြီး ကျန်အပွင့်များမှာ အဖိုပွင့်များသာ ဖြစ်ကြသည်။   ကြယ်ပဲ၏ အပြင်သီးခွံမှာ ပျော့ပျောင်းပြီး  အတွင်းသီးခွံနှင့် ကြယ်ပဲ အစေ့ခွံသည်လည်း မာကျောသည်။ ကြယ်ပဲပင်သည် တောင်အမေရိက တိုက်ရှိ အမေဇုန်ဒေသ ပီရူးနိုင်ငံရှိ တောင်ပေါ်ဒေသတွင် ပေါက်ရောက်ပြီး ဒေသခံများသည် အစေ့၊ အဆန်များကို နှစ်ပေါင်းများစွာကပင် စားသုံးကြသည်။ ဒေသခံများအဆိုအရ ကလေးများကို ကျွေးရာတွင် လျင်မြန်စွာကြီးထွားပြီး အသက်ကြီးသူများနှင့် မကျန်းမာသူများစားသုံးရာတွင်လည်း ရောဂါလျင်မြန်စွာ ပျောက်ကင်းပြီး ကျန်းမာလာသည်ဟု ဆိုသည်။

အသီးမှာ ကြယ်ပုံစံထောင့်လေးထောင့်မှ ထောင့်ခုနစ်ထောင့်ရှိပြီး ကြယ်ပုံစံဖြစ်နေသောကြောင့် ကြယ်ပဲဟု မြန်မာအမည်ပေးထားခြင်း ဖြစ်သည်။ ကြယ်ပဲ ပင်ရွက်အညွန့်ကို ကြော်စားခြင်း၊ ဟင်းချိုချက်ခြင်း၊ ကြယ်ပဲစေ့ကိုကြော်ခြင်း၊ လှော်ခြင်း၊ မီးဖုတ်စားခြင်း၊ ကြယ်ပဲစေ့အမှုန့်ကို    မုန့်အမျိုးမျိုးပြုလုပ်ခြင်း၊ ကြယ်ပဲစေ့ကို အဆီထုတ်၍   ဟင်းချက်စားခြင်း၊ ကြယ်ပဲပင်ရွက်ကို လက်ဖက်ခြောက်ကဲ့သို့ အခြောက်လှမ်း၍ ရေနွေးကြမ်းသောက်ခြင်း စသည်ဖြင့် အလိုရှိသလို စားသုံးနိုင်သည်။

ကြယ်ပဲစေ့နှင့်ကျန်းမာရေး

ကြယ်ပဲစေ့ကို   ဆေးသိပ္ပံနည်းအရ   ဓာတ်ခွဲစမ်းသပ်ကြည့်ရာ  ပရိုတင်းဓာတ်ကြွယ်ဝစွာပါရှိကာ သက်စောင့် ဓာတ်များ ဖြစ်ကြသော အိုမီဂါ-၃၊ အိုမီဂါ-၆၊ အိုမီဂါ-၉၊ ဗီတာမင်အီး၊ ဗီတာမင်အေနှင့် အမျှင်ဓာတ်များလည်း လုံလောက်စွာ ပါရှိနေကြသည်ကို တွေ့ရသည်။ ကြယ်ပဲစေ့ကိုစားသုံးခြင်းဖြင့် အစာကျေ ညက်လွယ်စေသည့်အပြင် ရောင်ရမ်းနာများနှင့် ဓာတ်မတည့်ခြင်း ရောဂါတို့ကိုလည်း သက်သာစေသည်။

ကြယ်ပဲစေ့တွင်ပါရှိသော အဆီက သံလွင်ဆီကဲ့သို့ အနံ့အရသာဆင်တူပြီး ကြယ်ပဲဆီထဲမှာ သံလွင်ဆီထက် လူသားအကျိုးပြုပရိုတင်းနှင့် အိုမီဂါ-၃ ဖက်တီးအက်စစ်တို့ ပိုမိုပါရှိနေသည်။ ထို့ကြောင့် သက်သတ်လွတ် စားသုံးလေ့ရှိသူများအနေဖြင့် အိုမီဂါ-၃ ကြွယ်ဝသော အပင်အရင်းအမြစ်ဖြစ်သည့် ကြယ်ပဲဆီကို စားသုံးပေးသင့်သည်။

ထို့ပြင်  ကြယ်ပဲစေ့ကို စားသုံးပေးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပါလိမ့်မည်။

          ကိုလက်စထရောကျစေသည်။ ကြယ်ပဲစေ့ကို စားသုံးပါက ခန္ဓာကိုယ်ထဲရှိ မကောင်းသော LDL ကိုလက်စထရောကျစေပြီး ကောင်းသော LDL ကိုလက်စထရော မြင့်မားတိုးတက်စေသည်။ ၎င်းင်းဖြစ်စဉ်က နှလုံးနှင့် နှလုံးသွေးကြောများကို ကျန်းမာစေသည်။

          ကြံ့ခိုင်ကျန်းမာစေသည်။ ကြယ်ပဲစေ့ထဲတွင် ပါရှိနေသော Serotonin ဓာတ်က ဟော်မုန်း အားကောင်းစေသဖြင့် စိတ်ဖိစီးမှုများကို ဖြေဖျောက်ပေးနိုင်သည်။ ပဲစေ့ထဲရှိ အိုမီဂါ- ၃ ဖက်တီး အက်စစ်ကလည်း  ဦးနှောက်ကို  ပေါ့ပါးလန်းဆန်းစေကာ ခေါင်းကိုက်ခြင်းမှ ကင်းဝေးစေသည်။

ကိုယ်အလေးချိန်ကျစေသည်။ ကြယ်ပဲစေ့ထဲတွင်  စွမ်းအားပြည့် အမပစအသစ့ညေ ဓာတ်တစ်မျိုးပါရှိနေပြီး ၎င်းင်းဓာတ်က လူကို တင်းတိမ်ရောင့်ရဲစေကာ နောက်ထပ်အစာစားချင်စိတ်ကို ခုနှိမ်ပေးသည်။ ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် ကြယ်ပဲစေ့ကို မှန်မှန်စားပေးသင့်သည်။

          ဦးနှောက်ကျန်းမာစေသည်။ ဦးနှောက်၏ အစိတ်အပိုင်းအများစုကို အဆီဆဲလ်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်။   ဦးနှောက်အဆီဆဲလ်များအတွက် အားကောင်းစေမည့် ကြယ်ပဲစေ့ကို စားသုံးပေးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကာ စိတ်ကျရောဂါ၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ သတိမေ့လျော့ခြင်း စသည်တို့ဖြစ်မလာအောင် ကာကွယ်ပေးသည်။ ထို့ကြောင့် ဦးနှောက်ကို များများအသုံးပြုရသော ကျောင်းသား၊ ကျောင်းသူများနှင့် ဦးနှောက်မှတ်ဉာဏ်ရည် ကျဆင်းသော သက်ကြီးရွယ်အိုများအတွက် ကြယ်ပဲစေ့က လွန်စွာကောင်းကျိုးပြုသည်။

နှလုံးကျန်းမာစေသည်။ ကြယ်ပဲစေ့က သွေးတိုးကျခြင်း၊ မကောင်းသော ကိုလက်စထရောကျခြင်း၊ ရောင်ရမ်းနာများ လျော့ပါးသက်သာခြင်း စသည့်    ခန္ဓာကိုယ်ကြီးတစ်ခုလုံး၏ သွေးလည်ပတ်စီးဆင်းမှုဆိုင်ရာ ဇီဝဖြစ်စဉ်ကို  ကောင်းမွန်စေသည်။ ၎င်းဖြစ်စဉ်က  နှလုံးသွေးကြောများကို အားကောင်းစေကာ   နှလုံးကျန်းမာစေမည့် သော့ချက်ဖြစ်သည်။

ဆီးချိုကျစေသည်။ ကြယ်ပဲစေ့ထဲရှိ အိုမီဂါ-၃ က ဂလူးကို့စ်ပမာဏကို ထိန်းချုပ်ပေးကာ ဆီးချိုရောဂါအမှတ်- ၂ ကို ကောင်းကျိုးပြုသည်။ ထို့ပြင် ၎င်းအိုမီဂါ-၃ သည် ဆီးချိုတက်စေသည့် tryptophan ပမာဏတွေကိုလည်း လျှော့ချပေးနိုင်စွမ်းရှိသည်။

          အရိုးကျန်းမာစေသည်။ ခန္ဓာကိုယ်ကြီးအတွက် ကယ်စီယမ်စုပ်ယူမှု အားကောင်းစေရန် ကြယ်ပဲစေ့ထဲရှိ အိုမီဂါ-၃ က အကူအညီပေးသည်။ ထို့ကြောင့် ကြယ်ပဲစေ့ကို စားသုံးပေးခြင်းအားဖြင့် အရိုးသိပ်သည်းဆကို တိုးတက်ကောင်းမွန်စေမည်။

          အမြင်အားကောင်းစေသည်။ ဦးနှောက်ကဲ့သို့ပင် မျက်စိကလည်း အဆီဓာတ်ကို မှီခိုအားထားနေရသည်။ ကြယ်ပဲစေ့ထဲရှိ သဘာဝအဆီဓာတ်များဖြစ်ကြသော ဗီတာမင်အီး၊ ဗီတာမင်အေ၊ အိုမီဂါ-၃၊ အိုမီဂါ-၆၊ အိုမီဂါ-၉ တို့က  မျက်စိကိုကျန်းမာစေပြီး အမြင်အာရုံကောင်းစေသည်။

          အရိုးအဆစ်များကျန်းမာစေသည်။ အဆစ်အမျက် ရောင်ရမ်းနာဖြစ်သူများအနေဖြင့် ကြယ်ပဲစေ့ကို   မကြာမကြာစားပေးပါ။ ကြယ်ပဲစေ့    အဆီနှင့်ချင်းတို့ကိုရော၍ အရိုးအဆစ်တွေကို လိမ်းပေးပါ။

အရေပြားနှင့်ဆံသားကို ကောင်းမွန်စေသည်။ ကြယ်ပဲစေ့ထဲရှိ အိုမီဂါ-၃ က အရေပြားနှင့် ဆံသားတို့ကို ရေဓာတ်ထိန်းညှိပေးခြင်း၊ အဆီဓာတ်ပုံမှန်ထွက်ရှိစေခြင်း၊ နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်း၊  ဆဲလ်အသေများကို ပြုပြင်ပေးခြင်း  စသည်တို့အတွက် အထောက်အပံ့ပေးနိုင်သည်။ ထို့ကြောင့် ကြယ်ပဲစေ့ စားသုံးပေးခြင်းဖြင့် အရေပြားနှင့် ဆံသားတွေကို မလွဲမသွေ ကျန်းမာစေသည်။

အရွယ်တင်နုပျိုစေသည်။ ကြယ်ပဲစေ့ထဲရှိ သဘာ၀ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လူသားတို့အတွက် အရွယ်တင်နုပျိုစေနိုင်စွမ်းရှိသည်။ ထို့ကြောင့် ကြယ်ပဲစေ့နှင့် ၎င်းအဆီတို့ကို စားပေးပါ။ ညအိပ်ရာဝင်ခါနီး ကြယ်ပဲစေ့အဆီကို လိမ်းပေးခြင်းဖြင့် အသားအရေနူးညံ့စေပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ကြယ်ပဲအများဆုံး စိုက်ပျိုးထွက်ရှိသည့် ဒေသများမှာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဖြစ်ကြသည်။ ယမန်နှစ်ကလည်း ကြယ်ပဲရာသီအတွင်း ပြည်ပသို့ ကြယ်ပဲအသီးခြောက် ၁၀ တန် တင်ပို့နိုင်ခဲ့သည်။ မြန်မာပြည်မှ ကြယ်ပဲကို ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့က ဝယ်ယူကြပြီး အဆိုပါ တိုင်းပြည်များက ကြယ်ပဲကို နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်လမ်းကြောင်းရောဂါ၊ သွေးတိုး၊ ဆီးချိုကျခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ အိုမင်းရင့်ရော်မှု ထိန်းသိမ်းခြင်းတို့အတွက် ဖြည့်စွက်စာအဖြစ် ထုတ်လုပ်ကြသည်။     ထို့ပြင် ကြယ်ပဲရွက်ကို   အခြောက်ပြုလုပ်၍  လက်ဖက်ခြောက် အစားထိုးပြုလုပ်ခြင်းနှင့် ကြယ်ပဲစေ့ကို ဟင်းခတ်မှုန့်ထုတ်လုပ်ခြင်းတို့တွင်   အသုံးပြုကြောင်း သိရသည်။   အနောက်နိုင်ငံများနှင့်   အိမ်နီးချင်းထိုင်းနိုင်ငံ တို့တွင်လည်း ကြယ်ပဲစေ့ကိုအခြေခံ၍ စားသောက်ကုန်များ၊ လူ့ခန္ဓာကိုယ်အတွက် သဘာဝအားတိုးဆေးများနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြသည်။

သို့ပါ၍ ပြည်ပဈေးကွက်တစ်ခု ရရှိနေပြီဖြစ်သော ကြယ်ပဲစိုက်ခင်းများကို  ယခုထက်ပို၍ တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း    ရေးသား အကြံပြုလိုက်ရသည်။     ။