ဒေါပုံမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ဒဂုံမြို့နယ်တို့ရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေ သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများထောက်ပံ့
နေပြည်တော်၊ ဩဂုတ် - ၂၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ဒဂုံမြို့နယ် တို့ရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။