ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၂၃ ဦးထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၁၂၃ ဦးနှင့် သေဆုံးသူ ၂၉ ဦးထပ်တိုးကြောင်း သိရသည်။

(၁၂-၁၀-၂၀၂၀)ရက်အတွက် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁၂-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၁၃-၁၀-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၂၅၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၂၃ ဦးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

(၅၀၀)