ယခုဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော် တင်ပို့ထား

ယခုဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော် တင်ပို့ထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ လေးလကျော် ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော်   တင်ပို့ထားကြောင်း စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ လေးလကျော် ကာလအတွင်း ပဲမျိုးစုံပြည်ပတင်ပို့မှု အနေဖြင့်  ပင်လယ်ရေကြောင်းမှ  ၄၆၁၄၄၈ ဒသမ ၂၀၁ တန်၊   တန်ဖိုးအမေရိကန် ဒေါ်လာ ၃၆၉ ဒသမ ၀၈၉ သန်း၊ နယ်စပ်မှ ၁၃၉၇၇၇ ဒသမ ၉၆၇ တန်၊   တန်ဖိုးအမေရိကန်ဒေါ်လာ   ၉၄ ဒသမ ၁၆၆ သန်း  စုစုပေါင်း ၆၀၁၂၂၆ ဒသမ ၁၆၈ တန်၊  တန်ဖိုးအမေရိကန်ဒေါ်လာ ၄၆၃ ဒသမ ၂၅၅ သန်း တင်ပို့နိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့်    ပင်လယ်ရေ ကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၆၀၄ ဒသမ ၃ သန်း စုစုပေါင်း ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်၊    တန်ဖိုးအမေရိကန် ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းတင်ပို့နိုင်ခဲ့သည်။ထို့ပြင်    ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ၁၀၂၈၂၁၅ ဒသမ ၈၁၇ တန် တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၇၈၀ ဒသမ ၁၅၆ သန်း ရရှိခဲ့ကာ နယ်စပ်ကုန်သွယ်ရေးမှ ၆၁၈၉၅ ဒသမ ၉၂၄ တန် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၄၆၉ သန်း ရရှိခဲ့သည့်အတွက် စုစုပေါင်း ၁၀၉၀၁၁၁ ဒသမ ၇၄၁ တန်တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၈၃၀ ဒသမ ၆၂၅ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အဓိကအားဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ဝါနှင့် ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု၏  ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက် ရှိကြောင်း  သိရသည်။  

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင်   ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏  ၇၂  ရာခိုင်နှုန်းသည်  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများဖြစ်ပြီး ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲ အမျိုးမျိုးတို့ကိုလည်း စိုက်ပျိုးကြကြောင်း  သိရသည်။