ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး အမျိုးသမီးသင်တန်းသူများအလိုရှိသည်

၁။ လျှောက်ထားသူသည်အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

    (ခ) လျှောက်ထားသူသည် ၅-၁၂-၂ဝ၂၂ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက် မကြီးရ။

    (ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

    (ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

(အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၂၃-၈-၂၀၂၂ ရက်နေ့မှ ၂၃-၉-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ ပေးပို့လျှောက်ထားရမည်-

    (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။(အမှတ်စာရင်းတင်ပြရမည်။)

    (ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် / မြို့နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။

    (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

    (င) အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

    (စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်းထောက်ခံချက်။

၃။ သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ရေးချုပ်ရုံး၊ စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှ ပဏာမရွေးချယ်ပါမည်။ ပဏာမရွေးချယ်ခံရသူများအား တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် လေ့ကျင့်ပေးမည့် သင်တန်းကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။ သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ အခြေခံရုံးလုပ်ငန်း စည်းမျဉ်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာ ဒီပလိုမာ Dip.C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။ သင်တန်းကာလ ၂ နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ တပ်သားအခြေခံ လစာ (၁၅၀ဝဝဝ)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) [အခြေခံလစာ(၂၀၄ဝဝဝ)ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်၊ M.H.R.A (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း(၂၁၈ဝဝဝ)ကျပ် ရရှိမည်။]

၆။ တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) အဆင့်/အတန်း တိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ စာမေးပွဲ အောင်မြင်ပါက အောက်ဖော်ပြပါ အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာ၊စရိတ်များ ရရှိမည်-

        အဆင့်အတန်း                                                   အခြေခံ   အရည်အချင်း  M.H.R.A     ပေါင်း

                                                                               လစာ        လစာ

(က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ဒုတိယတန်း) ၂၀၄ဝဝဝ   ၆ဝဝဝ            ၁ဝဝဝဝ    ၂၂၀ဝဝဝ

(ခ) တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)(ပထမတန်း)  ၂၀၄ဝဝဝ    ၈ဝဝဝ            ၁ဝဝဝဝ    ၂၂၂ဝဝဝ

(ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)              ၂၄ဝဝဝဝ    ၈ဝဝဝ            ၁ဝဝဝဝ   ၂၅၈ဝဝဝ

(ဃ) အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                     ၂၅၈ဝဝဝ    ၈ဝဝဝ            ၁ဝဝဝဝ    ၂၇၆ဝဝဝ

မှတ်ချက်။ နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ်နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့်ရှိသည်။

၇။ တာဝန်ထမ်းဆောင်စဉ် အဝေးသင် တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေး အတွက် ဆက်လက် ဖြေဆိုနိုင်သည်။

မှတ်ချက်။ အသေးစိတ် သိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။