ပြည်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများအား ပေးအပ်

ပြည်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများအား ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား သီးခြား ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေအိမ် လိုင်းခန်းများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။