ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၆၆၄၂၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိ

နေပြည်တော်  အောက်တိုဘာ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ယမန်နေ့နံနက်  ၉  နာရီခွဲက  ဘိန်းဖြူဘလောက်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့နယ် တောင်ကြီး-ကျိုင်းတုံသွားလမ်း ကျိုင်းဖောင်းကျေးရွာအနီးရှိ COVID-19 စစ်ဆေးရေးစခန်း၌ ယမန်နေ့နံနက် ၉ နာရီက မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်ကို တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့်  ပိတ်ဆို့ဖမ်းဆီးခဲ့ရာ  နံနက် ၉  နာရီခွဲတွင်  ကျိုင်းတုံမြို့  ရပ်ကွက်(၁)နောင်ရေးလမ်း ယာဉ်ထိန်းရုံးရှေ့၌ အဆိုပါ မော်တော်ယာဉ်ကို ကျဟဲ၊ ကျစောနဲ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းင်းယာဉ်ကို ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးရာ   ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၁၁၀

ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျဟဲ ၃၅ နှစ်နှင့် ကျစောနဲ ၁၅ နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများကို ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။