ရတနာပုံအသင်းက ISPE အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ
နေပြည်တော် သြဂုတ် ၂၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁)အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရတနာပုံအသင်းက ISPE အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။
ယနေ့ပွဲစဉ်တွင် ရတနာပုံအသင်းမှာ ဇယား၏အဆင့်(၂)၌ ရပ်တည်နေသော အသင်းဖြစ်သည်နှင့် အညီ တိုက်စစ်ပိုင်းကို အဓိကထားပြီး ကစားခဲ့ရာ ပွဲကစားချိန် ၄ မိနစ်နှင့် ၃၁ မိနစ်တို့တွင် သက်နိုင်က ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ပထမပိုင်း ၄၄ မိနစ်တွင် ရတနာပုံအသင်းမှ ရဲရင့်အောင်က ထပ်မံဂိုးသွင်း ယူပေးနိုင်ခဲ့သည့် အတွက် ရတနာပုံအသင်းက ISPE အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀+၂ နာကျင်အချိန်ပိုတွင် ISPE အသင်းမှ ကြည်စိုးက ချေပဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ISPE အသင်း ကို ၃ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိသည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ် ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်ပထမ အကျော့ပွဲစဉ် များပြီးဆုံးခဲ့ပြီး စက်တင်ဘာ ၃ ရက်တွင် ပွဲစဉ်(၁၀)မှ ရှမ်းယူနိုက်တက် အသင်းနှင့် မြဝတီအသင်းတို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။