၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်သူများ အတွက် နေပြည်တော် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း  အသိပေး ကြေညာချက်

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်သူများ အတွက် နေပြည်တော် နည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း  အသိပေး ကြေညာချက်

နိုင်ငံတော်၏ လူမှု၊ စီးပွားဖွံ့ဖြိုး တိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာ ပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီ နယ်မြေရှိ သိပ္ပံနှင့်နည်းပညာ

ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာ တက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ဘွဲ့သင်တန်းများအား သင်ကြား ပို့ချသွားမည်ဖြစ်သည်-

    (၁) မြို့ပြအင်ဂျင်နီယာ

    (၂) အီလက်ထရွန်နစ်အင်ဂျင်နီယာ

    (၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

    (၄) စက်မှုအင်ဂျင်နီယာ

    (၅) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ

    (၆) ဗိသုကာ

အဆိုပါ ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄)ဘာသာရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ်တက်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း  အသိပေးကြေညာအပ်ပါသည်။အသေးစိတ် သိရှိလိုပါက အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန၊  ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန