COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး ကာကွယ်ရေးပစ္စည်း ဖြစ်သည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၀

   

COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကာကွယ်ခြင်းအပိုင်းတွင် အခြေခံအကျဆုံးမှ Mask  များ တပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များဖြစ်ရန်လည်း လိုအပ်သည်ဖြစ်ရာ တပ်မတော်အနေဖြင့် အရည်အသွေးကောင်းမွန်သည့် Mask  များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိသည်။

   

ထိုသို့လှူဒါန်းရာတွင် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ ကမ်းနားလမ်း၊ အောင်ဧရာဈေး၊ အောင်ရတနာဈေးနှင့် မြေနုတံတားဆိပ်ကမ်းတို့ရှိ ဒေသခံပြည်သူများအတွက် Mask  ၁၅၀၀ ခုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ မီးပွိုင့်လမ်းဆုံနှင့် ဗောဓိကုန်းရွာဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် Mask  ၇၀၀၀ ခုကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက အသီးသီးအခမဲ့ပေးဝေလှူဒါန်း ကြသည်။

   

COVID-19   ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အရည်အသွေး ကောင်းမွန်သည့်  Mask  များကို ပြည်သူများလက်ဝယ်အရောက် သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက် ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။