နေပြည်တော်၊ အောက်တိုဘာ - ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယနေ့နေ့လယ်ပိုင်းတွင် ဘုတ်ပြင်းမြို့၊ နယ်မြေခံတပ်ဌာနချုပ်ရှိ ပုလဲဧကရီဧည့်ရိပ်သာ၌ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စောသန်းလှိုင် က ပေးအပ်သည်။
ဦးစွာ တိုင်းမှူးက ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များအတွက် ကြက်ဥ ၆၂၀ လုံး၊ ဘီစကစ် ၂ ဖာ၊ ရွှေဖီဦး လက်ဘက်ရည်ထုပ်များ၊ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် Mask ၆၂ ဘူးနှင့် Hand Sanitizer ၆၂ ဘူးတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။