COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၄

   

တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလှူရှင်များက လာရောက် ပေးအပ်လှူဒါန်း သည်။

   

ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များဖြစ်သည့် ဦးပြည်အောင် နှင့်ဇနီး ဒေါ်နန္ဒာအေး မိသားစုမှ ငွေကျပ် သိန်း ၅၀ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား) နှင့်ဇနီး ဒေါ်အေးအေးသန်း မိသားစုမှ ငွေကျပ်သိန်း ၃၀ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ (စည်ပင်အတွင်း)မှ ငွေကျပ် ၁၅ သိန်းနှင့် Junior K ကုမ္ပဏီမှ ငွေကျပ် ၁၁ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။