မိုးညှင်းမြို့၊ ဗန်းမော်မြို့နှင့် မိုးမိတ်မြို့တို့ရှိ ဒေသခံပြည်သူများအတွက် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၄

   

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဗန်းမော်မြို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့တို့ရှိ ဒေသခံပြည်သူများအတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ပေးအပ်လှူဒါန်းကြသည်။

   

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အောက်တိုဘာ ၁၁ ရက်တွင် မိုးညှင်းမြို့ရှိ ဒေသခံ ပြည်သူများအတွက် မိုးညှင်းတပ်နယ် ရိပ်သာ၌ Surgical Mask၂၅၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၂၀ စုံ၊ Hand Gel ၅၀ ဘူး၊ Surgical Gloves ၁၅၀ ခုနှင့် Faceshield ၂၀ ခုတို့ကို လည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် မိုးမိတ်မြို့ရှိ ဒေသခံပြည်သူများအတွက် မိုးမိတ်တပ်နယ် ရိပ်သာ၌ Surgical Mask  ၂၅၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၀ စုံ၊ Hand Gel ၅၀ ဘူး၊ Surgical Gloves  ၁၅၀ ခုနှင့် Face shield ၂၀ ခုတို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ဗန်းမော်မြို့ရှိ ဒေသခံပြည်သူများအတွက် ဗန်းတော်တပ်နယ်ရှိ ကောင်းတုံရိပ်သာ၌ Surgical Mask    ၂၅၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၂၀ စုံ၊ Hand Gel  ၅၀ ဘူး၊ Surgical Gloves  ၂၀၀ ခုနှင့် Face shield ၂၀ ခုတို့ကို လည်းကောင်း အသီးသီး သွားရောက် ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။