ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ဂိုး ဂိုးဖြင့် အနိုင်ရ

နေပြည်တော်  သြဂုတ်  ၃၀

၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဒုတိယအကြို ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ   ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။

တတိယလုပွဲ ပွဲစဉ်ကို စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီတွင်   ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲပွဲစဉ်ကို စက်တင်ဘာ ၂ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့်  ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။