လက်စတာအသင်း ခံစစ်ကစားသမား ဖိုဖာနာ ဆေးစစ်မှု ခံယူနေသည့်အတွက် ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေး

လက်စတာအသင်း ခံစစ်ကစားသမား ဖိုဖာနာ ဆေးစစ်မှု ခံယူနေသည့်အတွက် ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေး

    ချယ်လ်ဆီးအသင်းသည်   လက်စတာအသင်း ခံစစ်ကစားသမား  ဖိုဖာနာကိုခေါ်ယူရန်  သဘောတူညီမှု ရရှိထားပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ဆေးစစ်မှု ခံယူနေသော်လည်း    ကြန့်ကြာနေသည့် အတွက် အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဖိုဖာနာကို အပိုဆုကြေး အပါအဝင် စုစုပေါင်း စတာလင်ပေါင် ၇၅ သန်းဖြင့်  ခြောက်နှစ် စာချုပ်ချုပ်ဆိုကာ   ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး  လက်ရှိတွင်  ဆေးစစ်မှုခံယူရန် အမေရိကန်နိုင်ငံ၌ ရောက်ရှိနေပြီဖြစ်သည်။

အသက် ၂၁ နှစ်အရွယ် ဖိုဖာနာသည် လက်စတာအသင်းတွင်  ခြေစွမ်းပြနိုင်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီး  ပြီးခဲ့သည့် ဘောလုံးရာသီကလည်း လက်စတာအသင်းနှင့် တစ်ရာသီလုံးနီးပါး လွဲချော်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိချယ်လ်ဆီးအသင်း ပိုင်ရှင်ဖြစ်ပြီး အသင်း ဥက္ကဋ္ဌရာထူးနှင့် အားကစား ဒါရိုက်တာရာထူးပါရယူထားသည့် အမေရိကန်သူဌေး တော့ဘိုလီက ဖိုဖာနာ အနေဖြင့် ကာလရှည်ဒဏ်ရာ ရရှိထားသည့်အတွက် ၎င်း၏ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက်ပြီး အသေးစိတ်စစ်ဆေးရန်  အမေရိကန်နိုင်ငံသို့  သွားရောက်၍ ဆေးစစ်မှုခံယူစေခြင်း ဖြစ်သည်။

ဖိုဖာနာအနေဖြင့် ကာလရှည်ဒဏ်ရာ ရရှိထားသောကြောင့် ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက်ပြီး လိုအပ်ချက်များ ရှိနေသည့်အတွက် လက်ရှိတွင် ဆေးစစ်မှု မအောင်မြင်သေးဘဲ   အသေးစိတ် စစ်ဆေးမှုများ  ထပ်မံပြုလုပ်လျက်ရှိသည်။

ယခုဘောလုံးရာသီတွင် ဖိုဖာနာသည် ချယ်လ်ဆီးအသင်း ခေါ်ယူထားသည့် ကစားသမားများတွင် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား  ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

Ref;90Min