အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များအား Software Program အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိ

အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များအား Software Program အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ် - ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် Software Program အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလ အတွင်း အချိန်မီဆောင်ရွက်ပြီးစီးရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကြိုပမ်းဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာန ဆိုင်ရာများ ပူးပေါင်းကာ ဇူလိုင် ၁၈ ရက်မှစတင်ပြီး ဖြည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့ အထိ စာရင်းဖြည့်သွင်းပြီး အိမ်ထောင်စုပေါင်း ၅၇၅၅၆ စု ၆၅ ဒဿမ ၃၉ ရာခိုင်နှုန်း ဖြည့်သွင်းဆောင်ရွက်ပြီးစီးပြီဖြစ်ကာ တစ်မြို့လုံးစာရင်းဖြည့်သွင်းရမည့်အိမ်ထောင်စု ပေါင်း ၈၇၇၁၆ စုရှိပြီး စက်တင်ဘာ ၁၈ ရက်အထိ ရာနှုန်းပြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။